
ရန်ကုန် မေ ၁၂
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူများအတွက် လူမှုကရုဏာ အကူအညီများပေးရာတွင် ကြက်ခြေနီအခြေခံမူများ နှင့်အညီ ကူညီလျက်ရှိရာ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီးရှိ ပြည်သူများ ကို အရေးပေါ်လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများဖြစ်သည့် စားနပ်ရိက္ခာနှင့် အခြား အခြေခံလိုအပ်သည့်ပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ် ရေးသုံးပစ္စည်းများ၊ ရေနှင့် သန့်ရှင်းရေးသုံးပစ္စည်း များကို သွားရောက်ကူညီထောက်ပံ့ပေးကြသည်။
ထိုသို့သွားရောက်ဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူး ဒေါ်အေး အေးငြိမ်း ဦးဆောင်သော ဝန်ထမ်းခုနစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာ လုပ်အားရှင် ၁၂ ဦး စုစုပေါင်း ၁၉ ဦးတို့သည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ကန့်ဘလူမြို့နယ် လေးမြို့နယ်မှ ယာယီခိုလှုံရေး စခန်း ငါးခုနှင့် ရွှေဘိုမြို့နယ်မှ ကျေးရွာနှစ်ရွာရှိ အိမ်ထောင်စု ၃၃၈ စု လူဦးရေ ၁၁၉၁ ဦးအတွက် ငွေကျပ် ၇၉၅၄၅၀၅၀ တန်ဖိုးရှိ ကနဦး အရေးပေါ် လိုအပ်ချက်များဖြစ်သည့် အစားအစာ (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ) ၃၃၈ စုံ၊ နှာခေါင်းစည်း ၅၀ ပါ ဘူး) ၃၃၈ ဘူး၊ လက်သန့်ဆေးရည် ၃၃၈ ဘူး၊ မိသားစု သုံး တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ၃၃၈ ပုံး၊ အမျိုးသမီး တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ၃၂၅ ပုံး၊ အမျိုးသားတစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်း ၃၂၆ ပုံး၊ မိုးကာအင်္ကျီ ၆၅၂ ထည်၊ တာပေါ်လင် ၆၇၆ ချပ်၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း ၁၆၈ အိတ်၊ မိသားစုသုံး ရေသန့်ပုံး (Life Straw) ခုနစ်ခု၊ ဂါလန် ၂၀၀ ဆံ့ ရေပုံးခြောက်ပုံးတို့ကို သွားရောက်ထောက်ပံ့ ကူညီပေးခဲ့သည့်အပြင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းများကိုလည်း ပြုလုပ်ကြသည်။
အလားတူ အကူအညီလိုအပ်နေသည့် ယာယီ ခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် သန့်ရှင်းရေးသုံး ပစ္စည်းများ၊ အခြားလိုအပ်သည့်ပစ္စည်းများကို ဆက်လက်ထောက်ပံ့ကူညီနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်