စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

မုံရွာ  ဇူလိုင်  ၃၀


စစ်ကိုင်းတိုင်းဒေသကြီး   လူငယ် ရေးရာကော်မတီ၏   (၁/၂၀၂၂)လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ယမန်နေ့က    တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး   အစည်းအဝေး ခန်းမတွင်  ကျင်းပရာ   အစည်း အဝေးသို့ တိုင်းဒေသကြီးဝန်ကြီး ချုပ်  ဦးမြတ်ကျော်၊  တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး    လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ     တက် ရောက်ကြသည်။

 


ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်က  လူငယ်များသည်   နိုင်ငံတော်အတွက်     တန်ဖိုးမဖြတ် နိုင်သည့်     ကြီးမားသော    လူ့ စွမ်းအားအရင်းအမြစ်   ဖြစ်ကာ နိုင်ငံတော်   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်   ထူးခြားသော   အင်အားစုတစ်ရပ်ဖြစ်ပြီး လူငယ် များ  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို   အကောင်အထည်ဖော်   ဆောင် ရွက်လျက်ရှိကြောင်း၊ လူငယ်များ အနေဖြင့် ပြည်သူများ၏  လူမှုရေး၊  စီးပွားရေး၊  ပညာရေး၊  ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများတွင်    ပိုမို ကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်နိုင် ရေးကို မိမိတို့လုပ်ငန်းကော်မတီ အနေဖြင့်   အလေးအနက်ထား ဆောင်ရွက်သွားရန်     လိုအပ် ကြောင်း။

 


လူငယ်များ   ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်    လူငယ် ရေးရာလှုပ်ရှားမှု  တစ်ရပ်အနေ ဖြင့် တိုင်းဒေသကြီး  အားကစား ကွင်းတွင်  ဘောလုံး၊   ဖူဆယ်၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ Fitness Dance ၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ တင်းနစ်၊ မြန်မာ သိုင်း၊    ပြေးခုန်ပစ်ပြိုင်ပွဲများကို လည်း ကျင်းပပေးခဲ့ကြောင်း။ 

 


တိုင်းဒေသကြီး        လူငယ် ရေးရာ    လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ အပြည့်အဝ အကာင်အထည်ဖော်နိုင်ရေးတွက် နည်းလမ်းများ၊ လိုအပ်ချက်များ ကို တက်ရောက်လာကြသူများ က  အကြံပြုဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း   ပြောကြား သည်။

 


ဆက်လက်ပြီး   တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး ဦးအေး လှိုင်က လူငယ်ရေးရာကော်မတီ ဖွဲ့စည်းထားမှု  အခြေအနေများ အား လည်းကောင်း၊  တိုင်းဒေသ ကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ   ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တိုင်းဒေသ ကြီး    လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေး တို့က လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို   ရှင်းလင်း တင်ပြကြသည်။

 


ဆက်လက်ပြီး အစည်းအဝေး သို့   တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက      လူငယ်ရေးရာ ကော်မတီ၏ လုပ်ငန်းများ ဆောင် ရွက်ထားရှိမှုများနှင့် ပတ်သက်၍ အသီးသီး    ဆွေးနွေးတင်ပြကြ သည်။

 


ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်        ဦးမြတ်ကျော် က   လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းများ   ဆောင်ရွက်နေမှု အခြေအနေများနှင့်  ပတ်သက်၍ အသီးသီး      အကြံပြုဆွေးနွေး တင်ပြချက်များအပေါ်  လိုအပ် သည်များကို     တာဝန်ရှိသူများ နှင့်      ဖြည့်ဆည်း      ပေါင်းစပ် ဆောင်ရွက်ပေးကာ   နိဂုံးချုပ် စကား ပြောကြားပြီး   အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။


တိုင်းဒေသကြီး(ပြန်/ဆက်)