
မုံရွာ ဖေဖော်ဝါရီ ၁၁
အလုပ်သမားဝန်ကြီးဌာန မုံရွာမြို့စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူ လုံရေးဌာနတွင် ဖေဖော်ဝါရီ ၁၀ ရက်က လူမှုဖူလုံရေးအကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်းအနားကျင်းပသည်။
အကျိုးခံစားခွင့် ပေးအပ်ခြင်း မပြုမီ တိုင်းဒေသကြီး လူမှုဖူလုံ ရေးရုံး တာဝန်ခံအရာရှိက လူမှု ဖူလုံရေးဥပဒေနှင့်အညီ အကျိုး ခံစားခွင့်များ ထုတ်ပေးခြင်း အကြောင်း၊ ၂၀၁၂ ခုနှစ် လူမှုဖူလုံ ရေး ဥပဒေအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
အကျိုးခံစားခွင့်များ ထုတ်ပေး ရာတွင် မုံရွာမြို့ မြို့နယ်လူမှု ဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံ တင်ထားသော မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အာမခံ အလုပ်သမား အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၁၀၈ သိန်း ရန်ကုန်တိုင်းဒေသကြီး မြန်မာ ဘရူဝါရီလီမီတက်မှ မင်္ဂလာဒုံ မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမား ဦးဝင်းမောင် ၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှု ကြောင့် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄၃၉၂၀၀၀ နှင့် စစ်ကိုင်း မြို့ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော NTT သစ် အချောထည်စက်ရုံမှ အာမခံ အလုပ်သမား ဦးဝင်းမင်းသန်း၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှု ကြောင့် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄၃၂၀၀၀၀ တို့ကို ပေးအပ် ခြင်းဖြစ်သည်။
အကျိုးခံစားခွင့်များကို တိုင်း ဒေသကြီး တာဝန်ခံအရာရှိနှင့် တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဌာနမှူး ဦးအောင်ငြိမ်းတို့က လက်ရောက် ပေးအပ် ပြီး ခွင့်ပြုထုတ်ပေးခဲ့သည့် ကျန်ရစ်သူမိသားစုများ ကိုယ်စား မုံရွာမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။
မျိုးဝင်းထွန်း(မုံရွာ)