စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ပြည်သူ့စစ်ထဲသို့ မဝင်သူများကို တစ်အိမ်ထောင်လျှင် ကျပ်သုံးသောင်းပေးနေရကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူ မြို့ရှိ   ဒေသခံများ   အနေဖြင့်   ပြည်သူ့စစ်ထဲသို့   ဝင်ရောက်ကြ ရန်၊ မဝင်ရောက်လိုသူများအနေ ဖြင့် ပြည်သူ့စစ်များအတွက် စရိတ် ဟုဆိုကာ    တစ်အိမ်ထောင်လျှင် ကျပ်သုံးသောင်းပေးနေရကြောင်း၊ ပြည်သူ့စစ်ထဲသို့ ဝင်ရောက်မည် ဆိုပါက တစ်လလျှင် ကျပ်သိန်း ၃၀   နှင့်   မိသားစုအတွက်ပါ ထောက်ပံ့ပေးမည်ဟု   စည်းရုံးမှု များရှိနေကြောင်း    သတင်းတု၊   သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင်  မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အဆိုပါသတင်းနှင့်ပတ်သက် ၍ သက်ဆိုင်ရာနယ်မြေမှ တာဝန် ရှိသူတစ်ဦး၏   ပြောကြားမှုနှင့် မြေပြင်စုံစမ်းတွေ့ရှိချက်များအရ    သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ကဒေသခံပြည်သူများအား ပြည်သူ့ စစ်တပ်ဖွဲ့သို့    ဝင်ရောက်ရန်စည်းရုံး ခြင်းနှင့် ငွေကြေးကောက်ခံမှုများမရှိကြောင်း သိရှိရပြီး ၎င်းသတင်း မှာ ဝါဒဖြန့်သတင်းအမှားတစ်ခု ဖြစ်သည်။ 
အကြမ်းဖက်သောင်းကျန်းသူ များအနေဖြင့် လက်ရှိဖြစ်ပေါ်နေ သော  အခြေအနေများကို  အခွင့် ကောင်းယူ၍  မြို့၊  ရွာများတွင် နေအိမ်များ  မီးရှို့ဖျက်ဆီးခြင်း၊  လူသတ်၊  မိုင်းခွဲခြင်းနှင့်   ငွေကြေး တောင်းခံမှုများကို လုပ်ဆောင်နေ ခြင်းကြောင့်   ဒေသခံပြည်သူများ က  လုံခြုံရေးတပ်ဖွဲ့များနှင့်အတူ လက်တွဲ၍  အကြမ်းဖက်သောင်း ကျန်းသူများကို   ခုခံတိုက်ခိုက် လျက်ရှိကြောင်း သတင်းရရှိသည်။      
သတင်းစဉ်