စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က မြစ်သာမြစ်ကူး ကြိုးတံတားအား မိုင်းခွဲဖျက်ဆီး

နေပြည်တော်   စက်တင်ဘာ   ၁၁

စစ်ကိုင်းတိုင်းဒေသကြီး   ကလေးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က ဒေသတွင်း လမ်းပန်း ဆက်သွယ်မှုခက်ခဲကာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ ကျေးရွာ အုပ်စုချင်းဆက်သွယ်ထားသည့်   မြစ်သာ မြစ်ကူးကြိုးတံတားအား    မိုင်းခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။


ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက် နံနက် ၆ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်    ကျောက်ပြုတ်ကျေးရွာအုပ်စုနှင့် မကွေးတိုင်းဒေသကြီး      ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာအုပ်စုတို့အား ဆက်သွယ် ထားသည့် ခံနိုင်ဝန် သုံးတန်၊ အလျား ပေ ၆၀၀၊ အကျယ် ရှစ်ပေရှိ မြစ်သာမြစ်ကူး သံမဏိ ကြိုးတံတားအား PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ 


ထိုသို့ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား ကြမ်းခင်းတွင် အကျယ် ငါးပေခန့် ထိခိုက်ပျက်စီး ခဲ့ပြီး ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်း နှင့်  အဆိုပါ  ကြိုးတံတားအား ၂၀၁၆-၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း    ၁၂၀၀၀  ကုန်ကျခံကာ  ဒေသတွင်း  လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်၍   ကုန်စည်စီးဆင်းမှု များ   လျင်မြန်ကာ  လူမှုဘဝဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ရည်ရွယ်ဆောက်လုပ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ     PDF   အကြမ်းဖက်အဖွဲ့များ မိုင်းထောင်ဖောက်ခွဲ      ဖျက်ဆီးခဲ့သည့် ကြိုးတံတားအား  အမြန်ဆုံးပြုပြင်၍ လမ်းပန်း ဆက်သွယ်မှု   ပြန်လည်ကောင်းမွန်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများပါဝင်သော  ပူးပေါင်းအဖွဲ့က အချိန်နှင့် တစ်ပြေးညီ  ပြန်လည်ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်