
မုံရွာ သြဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် အလှူငွေပေးအပ်မှုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲကို သြဂုတ် ၉ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုအချိန်တွင် ကိုဗစ်- ၁၉ ရောဂါ ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင် ကျော်လွှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်တွင် ယခုလို စေတနာရှင် မိဘပြည်သူများက လှိုက်လှိုက်လှဲလှဲ မိမိတို့တတ်နိုင်သလောက် ငွေကြေး အကူအညီများပေးပို့လှူဒါန်းသည့် အလှူရှင်များအား အထူးပင် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ အလှူဒါန ပြုသည်မှာ အမှန်တကယ် လိုအပ်နေချိန်မှာ ကူညီ ပေးခြင်းဟာ ရရှိခံစားသူအတွက်ရော လှူဒါန်းသူ အတွက်ပါ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိတဲ့ လုပ်ရပ် တစ်ခုဖြစ်တာကြောင့် လှူဒါန်းမှုအစုစုတို့အတွက် စေတနာရှင်များအားလုံးကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ အလှူရှင်များကိုယ်စား မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ဦးခင်မောင်မြင့်က ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ တွင်အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများထံ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ကာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ လုပ်ငန်း ရှင်များ၊ အလှူရှင် ၃၃၉ ဦးမှ ငွေကျပ် ၆၅၄၈၅၇၀၀၀ နှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းမှုအနေဖြင့် Oxygen Concentrator ၁၇ လုံး အတွက် တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၊ Tesk Kit အခု ၂၀၀၀ အတွက်တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀ နှင့် စုစု ပေါင်းလှူဒါန်းငွေကျပ် ၆၇၄၈၅၇၀၀၀ (ခြောက်ထောင် ခုနစ်ရာ လေးဆယ်ရှစ်သိန်းငါးသောင်းခုနစ်ထောင်) ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)