
နေပြည်တော် ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၅ နာရီ ၅၅ မိနစ်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို PDF အမည်ခံ အကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆောက်အဦအတွင်းရှိ မဲရုံသုံးပစ္စည်းများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်