
နေပြည်တော် ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင် မြို့အနီး ကြက်ရိုးကုန်းရွာကို ယနေ့ နံနက် ၇ နာရီတွင် တပ်မတော်စစ်ကြောင်း တစ်ခုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာကို အကြောင်းမဲ့လာရောက် မီးရှို့ ခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit က လူမှုကွန်ရက် စာမျက်နှာတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
ဖြစ်စဉ်အမှန်မှာ စစ်ကိုင်း တိုင်းဒေသကြီး ဘုတလင်မြို့ ကြက်ရိုးကုန်းကျေးရွာသို့ PDF အမည်ခံအကြမ်းဖက်သမားများရောက်ရှိလာပြီး လူသစ်စုဆောင်း ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံ ခြင်းများ ပြုလုပ်နေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူတစ်ဦး၏ သတင်း ပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေလုံခြုံရေးဆောင် ရွက်ခဲ့သဖြင့် အကြမ်းဖက်သမား များက ကျေးရွာရှိ လူနေအိမ်အချို့ အား မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် ယခုကဲ့သို့ လူနေအိမ်များမီးရှို့ခြင်းကို မကြာ ခဏ လုပ်ဆောင်လျက်ရှိပြီး အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများက တပ်မတော်မှ လုပ်ဆောင်သည်ဟု လုပ်ကြံ ရေးသားကာ ဒေသခံပြည်သူများ က တပ်မတော်သားများအပေါ် အထင်အမြင် လွဲမှားစေရန် အတွက် မဟုတ်မမှန်သတင်း များ ရေးသားဖြန့်ဝေနေခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်