
မုံရွာ ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်း တောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင် သာသနာ့ဗိမာန် တည်ဆောက်နိုင်ရေးအတွက် စတုတ္ထအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် ကြီး အရှေ့ဘက် အာရုံခံတန်ဆောင်း လက်ပွားဘုရား ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ ခေမာသီဝံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ကိုးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများထံ အလှူရှင်များက ပုညရှင်သာသနာ့ ဗိမာန် တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ကြသည်။
အဆိုပါ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ဆွမ်းဦး ပုညရှင် စေတီတော်မြတ်ကြီး ပုညရှင် သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက စုစုပေါင်း လှူဒါန်းငွေကျပ် ၂၄၄၀၀၀၀၀၀ လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက်ရင်ပြင်တော် ပေါ်တွင် တည်ဆောက်လျက်ရှိသည့် အလျား ၁၄၉ ပေ၊ အနံ ၆၃ ပေ၊ အမြင့် ၅၄ ပေ၊ ဗိမာန်တော် အကျယ် အလျား ၁၂၆ ပေ၊ အနံ ၅၄ ပေ၊ အမြင့် ၁၈ ပေရှိ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)