စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်ဘုရားကြီးတွင် ဘုရားဖူးပြည်သူများ နေ့စဉ်စည်ကားလျက်ရှိ

စစ်ကိုင်း မတ် ၅ စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင် ဘုရားကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်သည့် ပြည်သူများဖြင့် နေ့စဉ်စည် ကားလျက်ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရ သည်။ “ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ဘုရားဖူးပြည်သူတွေ များပြားနေတာကို တွေ့ရပါတယ်။ ဘုရားဖူးပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက် များနဲ့အညီ စိတ်အေးချမ်းစွာ ဘုရားဖူးနိုင် အောင် ကျွန်တော်တို့ ဘုရားဂေါပကအဖွဲ့က စီမံဆောင်ရွက်ပေးထားပါတယ်။ လမ်းပန်း ဆက်သွယ်ရေးမှာလည်း ယာဉ်အန္တရာယ်ကင်း အောင်၊ ညအိပ်လာတဲ့ ဘုရားဖူးပြည်သူတွေ တည်းခိုနိုင်အောင်နဲ့ တောင်ရိုးပေါ်မှာရှိတဲ့ ဘုရား တွေကို အစုံဖူးနိုင်အောင် လမ်းညွှန်ဆိုင်းဘုတ် တွေလည်း ဆောင်ရွက်ပေးထားပါတယ်”ဟု ဘုရားကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။ ကျောက်ပန်းတောင်းမြို့မှ မိသားစုလိုက် ဘုရားဖူးလာရောက်သူ ဒေါ်ဝင်းစန္ဒာကလည်း “စစ်ကိုင်းမြို့မှာရှိတဲ့ ဒီ ဆွမ်းဦးပုညရှင် ဘုရားကြီးနဲ့ ကောင်းမှုတော်ဘုရားကြီးကို ဖူးချင်နေတာကြာပြီ။ အရင်နှစ်က ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုများပြားနေတော့ ယာယီ ပိတ်ထားတဲ့အတွက် မလာနိုင်ခဲ့ဘူး။ အခုတော့ မိသားစုရဲ့ဆန္ဒတွေပြည့်ပါပြီ။ ကောင်းမှုတော် ဘုရားကြီးကိုလည်း ဆက်လက်ဖူးမြော်သွား မှာပါ”ဟု ပြောသည်။ ခရိုင်(ပြန်/ဆက်)