စစ်ကိုင်းပညာရေးတက္ကသိုလ် (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် အထက်မြန်မာပြည်ပညာရေးဒီဂရီကောလိပ်များမှ ဘွဲ့ယူမောင်မယ်များအားဘွဲ့ချီးမြှင့်

စစ်ကိုင်း    ဇန်နဝါရီ     ၂


ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနအောက်ရှိ စစ်ကိုင်း ပညာရေးတက္ကသိုလ် (၂၄) ကြိမ် မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကို ၁၅ - ၁၂ -၂၀၂၃ ရက်မှ ၂၉-၁၂- ၂၀၂၃  ရက်အထိ (အစမ်း လေ့ကျင့်ခြင်းအပါအဝင်) စစ်ကိုင်း ပညာရေးတက္ကသိုလ်     ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။


အဆိုပါ     အခမ်းအနားသို့ စစ်ကိုင်းပညာရေး  တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ သဟာယအဖွဲ့ဝင်များ၊ စီမံရေးရာ၊   ဘဏ္ဍာ၊  သင်တန်း ရေးရာ၊ စာပေးစာယူ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ မော်ကွန်း ထိန်းများ၊    မိဘဆွေမျိုးများနှင့် ဘွဲ့ရမောင်မယ်များ တက်ရောက် ကြသည်။


ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်း တွင် ကျင်းပသော ဘွဲ့နှင်းသဘင် အခမ်းအနား၌     ပါမောက္ခချုပ် ဒေါက်တာ      မြတ်မြတ်သော်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူး ချွန်ဆုံး ဘီအီးဒီဘွဲ့ရ မနွေးနွေးစံ ခုံအမှတ် - ၅  ပညာ (၁၆)-၆၆  အား     ဒေါက်တာဦးသန်းဦး ဖောင်ဒေးရှင်း၏  ရွှေတံဆိပ်ဆု နှင့် ကျပ် ၁၀ သိန်းတိတိကို ချီးမြှင့် သည်။


ဒီဇင်ဘာ   ၁၉  ရက်  နံနက် ပိုင်းတွင်    အထူးဖိတ်ကြားထား သော ဧည့်သည်တော်များအဖြစ် စစ်ကိုင်းမြို့နယ်    သံဃနာယက အဖွဲ့ဥက္ကဋ္ဌ     ရတနင်္ကရချောင် ဆရာတော်    ဒေါက်တာကုဏ္ဍလ၊ ကျွန်းလှ     ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ   ဒေါက်တာသိင်္ဂါသီရိ တို့က ကြွ‌ရောက်ချီးမြှင့်ခဲ့သည်။


၁၆-၁၂-၂၀၂၃ ရက်မှ ၂၇-၁၂-၂၀၂၃ ရက်အထိ ပါရဂူဘွဲ့သုံးဦး၊ မဟာပညာရေးဘွဲ့ ၃၁ ဦး၊ ပညာ ရေးဘွဲ့(နေ့သင်တန်း) ၁၃၉ ဦး၊ ပညာရေးဘွဲ့       (စာပေးစာယူ) အပတ်စဉ်(၂၀)  ၃၆၂ ဦး၊  ပညာ ရေးဘွဲ့(စာပေးစာယူ)   အပတ် စဉ်(၂၁)  ၄၂၇ ဦး၊  ပညာရေးဘွဲ့ (စာပေးစာယူ)   အပတ်စဉ်(၂၂) ၃၉၀၊ PGDMA ဘွဲ့လွန်ဒီပလိုမာ ၇၉ ဦးနှင့်   အထက်မြန်မာပြည် ပညာရေး  ဒီဂရီကောလိပ်များမှ ပညာရေးဘွဲ့(စာပေးစာယူ)(BEd)(EDC) အပတ်စဉ်(၁) စုစုပေါင်း ၁၇၈၉   ဦးကို    ဘွဲ့ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။


ယခု      စစ်ကိုင်းပညာရေး တက္ကသိုလ်    (၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပါရဂူဘွဲ့သုံးဦး၊ မဟာပညာရေးဘွဲ့ ၄၇ ဦး၊   ပညာရေးဘွဲ့  ၂၁၃ ဦး၊ PGDMA ဘွဲ့လွန်ဒီပလိုမာ ၁၁၇ ဦး၊  ပညာရေးဘွဲ့(စာပေးစာယူ) ၃၀၂၄ ဦး၊ အထက်မြန်မာပြည်ပညာရေးဒီဂရီကောလိပ်   ၁၃ ကျောင်းမှ ပညာရေးဘွဲ့(စာပေးစာယူ)ဘွဲ့ရ ၃၄၆၆  ဦးတို့ကို  ဘွဲ့ချီးမြှင့်ပေး မည်ဖြစ်သည်။


စစ်ကိုင်းပညာရေးတက္ကသိုလ် အနေဖြင့် (၂၄)ကြိမ်မြောက် ဘွဲ့နှင်း  သဘင်အထိ   ဘွဲ့ရမောင်မယ် စုစုပေါင်း ၃၈၈၂၂ ဦးကို   မွေးထုတ် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။    

          
သတင်းစဉ်