စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ  သားဖွားဆရာမတစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

 

 

နေပြည်တော်   ဇွန်   ၇
စစ်ကိုင်းတိုင်းဒေသကြီး   စစ်ကိုင်းမြို့နယ်၌  ဒေသခံပြည်သူများအား    ဆေးဝါးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ တစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ   ဇွန် ၃ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင်    စစ်ကိုင်း တိုင်းဒေသကြီး  စစ်ကိုင်းမြို့နယ် လင်းယဉ်ကျေးရွာ၌   ကျေးလက် ကျန်းမာရေးဌာနမှ     သားဖွား ဆရာမတစ်ဦးကို   PDF အမည်ခံ အကြမ်းဖက်သမားများက   ဖမ်း ဆီး    ခေါ်ဆောင်သတ်ဖြတ်သွား ခဲ့ကြောင်း  သတင်းအရ  လုံခြုံရေး တပ်ဖွဲ့ဝင်များက   သွားရောက် စစ်ဆေးခဲ့ရာ   အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေး   ဌာနမှ သားဖွားဆရာမ    ဒေါ်နွယ်နွယ်စိုး  (၄၇)  နှစ်   (ဘ)ဦးဝင်းမောင်သည်  ၎င်း၏နေအိမ်၌   တစ်ဦးတည်း ရှိနေစဉ်      PDF  အကြမ်းဖက်အဖွဲ့    အင်အား ၂၀ ခန့်က  Light Truck အဖြူရောင်ယာဉ်ဖြင့် ရောက်ရှိလာ ပြီး    နေအိမ်အား    ဖျက်ဆီးကာဒေါ်နွယ်နွယ်စိုးကို            ဖမ်းဆီး ခေါ်ဆောင်၍   လင်းယဉ်ကျေးရွာ ၏အရှေ့ဘက်  ၄ မိုင်ခန့်အကွာ လင်းယဉ်-ပဒူသွားကားလမ်းဘေး အနီးအရောက်တွင်     ဓားဖြင့် ရက်စက်စွာ    ထိုးခုတ်သတ်ဖြတ် ခဲ့သဖြင့်     ဒေါ်နွယ်နွယ်စိုးတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊     ယာ လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ များရရှိကာ    အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း     သိရ သည်။
ထိုသို့    ဒေသခံပြည်သူများ အား   ဆေးကုသပေးလျက်ရှိသည့် ကျေးလက်   ကျန်းမာရေးဌာနမှ သားဖွားဆရာမအား    ဖမ်းဆီး ခေါ်ဆောင်၍   ရက်စက်စွာ သတ် ဖြတ်ခဲ့သည့်    အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီးအရေး ယူနိုင်ရေး     နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက      လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်     ဆောင်ရွက်လျက်       ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်