စစ်ကိုင်းမြို့နယ်အတွင်းရှိ  သံဃာတော်များနှင့်  ပြည်သူ ၂၅၀၀ ကျော်ကို  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

 

 

စစ်ကိုင်း  အောက်တိုဘာ    ၁၉


စစ်ကိုင်းတိုင်းဒေသကြီး    စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ်အတွင်းရှိ   သံဃာတော်များ၊ အသက် ၅၅ နှစ်အထက် ဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၂၅၀၀ ကျော်ကို ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး  ထိုးနှံပေးခဲ့ကြောင်း စစ်ကိုင်းမြို့နယ်  ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ သိရသည်။
စစ်ကိုင်းမြို့၌ နံနက်ပိုင်းမှ စတင်ပြီး မြို့ပေါ် စုရပ်နေရာ နှစ်ခုနှင့် ကျေးရွာ လေးရွာတို့တွင် သံဃာတော်များ၊   ဘိုးဘွားများနှင့်  ပြည်သူ စုစုပေါင်း ၂၅၆၀ ကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်သည်။
“စစ်ကိုင်းမြို့နယ်အတွင်းမှာ ဒီနေ့ မြို့တော် ခန်းမ၊  သီတဂူသံဃာ့ဆေးရုံတို့မှာ  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။ အုန်းတော၊ ရွာသစ်ကြီး၊ ညောင်ပင်ဝန်းနဲ့ ဆားတောင်ကျေးရွာ တို့မှာ မိုဘိုင်းအဖွဲ့နဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်” ဟု စစ်ကိုင်း မြို့နယ်   ကိုဗစ်-၁၉   ရောဂါ  ကာကွယ်    ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
စစ်ကိုင်းမြို့နယ်တွင် ကိုဗစ်-၁၉  ကာကွယ်ဆေး  ထိုးနှံပေးမှု အနေဖြင့်   သီတဂူသံဃာ့ဆေးရုံ တွင်  ၅၈၅  ဦးကိုလည်းကောင်း၊ မြို့တော်ခန်းမတွင်   ၆၈၅  ဦး ကိုလည်းကောင်း၊ အုန်းတော အခြေခံပညာ  အထက်တန်း ကျောင်းတွင်   ၃၄၀  ကိုလည်း ကောင်း၊   ရွာသစ်ကြီး  သံဃာ့ ဆေးရုံတွင်  ၂၇၅  ဦးကိုလည်း ကောင်း၊ ညောင်ပင်ဝန်း အခြေခံ ပညာ    အထက်တန်းကျောင်း တွင်  ၃၃၅  ဦးကိုလည်းကောင်း၊ ဆားတောင်       အခြေခံပညာ အထက်တန်းကျောင်းတွင် ၃၄၀ ကိုလည်းကောင်း စုစုပေါင်း ၂၅၆၀ ကို ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံ ပေးမှုအခြေအနေများကို ခရိုင်နှင့် မြို့နယ်    စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်       တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေ သည့်   သံဃာတော်၊  သီလရှင်    များ၊ အသက် (၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း   သိရ သည်။          သတင်းစဉ်