စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန် ကျောင်းအတွင်းရှိ  ကျောင်းသုံးဗလာစာအုပ်များအပါအဝင် သင်ထောက်ကူပစ္စည်းများအား PDF အမည်ခံ  အကြမ်းဖက်သမားများက ဝင်ရောက်ဖျက်ဆီး

 

 

နေပြည်တော်   ဇွန်    ၆
မျိုးဆက်သစ်ရင်သွေးငယ်များ၏  ပညာ ရေးတွင်  နောက်ကျကျန်ရစ်မှု မဖြစ်ပေါ် စေရေးအတွက်    ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို    ပြည့်ဝစွာအသုံးချနိုင် စေရန်     အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်တွင်    စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ဆရာ၊ မိဘများက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပူးပေါင်း    ဆောင်ရွက်နေမှုများအပေါ်  PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံအသုံးပြု၍ ဟန့်တားနှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။
ယင်းသို့ ဟန့်တားနှောင့်ယှက် ဖျက်ဆီးလျက်ရှိ ရာ ဇွန် ၅ ရက် ည ၁၁ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက  ခိုးဝင်ရောက်ကာ  စာသင် ခန်းများအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်း များကို ဖျက်ဆီးခဲ့ပြီး ဆရာ ဆရာမများအား ယုတ်မာ ရိုင်းစိုင်းစွာ   ဆဲဆိုထားသည့်  စာသားများရေးသား နှောင့်ယှက်ခဲ့သည်။ 
အဆိုပါ အခြေခံပညာမူလတန်းလွန်ကျောင်း တွင်  ကျောင်းသား  ကျောင်းသူ  စုစုပေါင်း ၈၅ ဦး တက်ရောက်   ပညာသင်ကြားလျက်ရှိကြောင်းနှင့် ၎င်းကလေးငယ်များ၏  ပညာသင်ကြားနိုင်မှုအခွင့် အလမ်းအပေါ်   ယခုကဲ့သို့ဝင်ရောက်  နှောင့်ယှက် ဖျက်ဆီးခဲ့သော PDF အမည်ခံအကြမ်းဖက်သမားများ အား ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက  လိုအပ်သည်များ     ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။        သတင်းစဉ်