စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာ၌ မိဘများအား လာရောက်ကန်တော့သည့် ရဲအရာရှိနှင့် မိသားစုအား PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ရဲအရာရှိနှင့်ဇနီးဖြစ်သူတို့သေဆုံးကာ နှစ်နှစ်အရွယ် သားဖြစ်သူကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  စက်တင်ဘာ  ၁၄ 
စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာ၌ မိဘများအား လာရောက်ကန်တော့သည့် ရဲအရာရှိနှင့် မိသားစုအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ  ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ရဲအရာရှိနှင့် ဇနီးဖြစ်သူတို့ သေဆုံးကာ နှစ်နှစ်အရွယ်သားဖြစ်သူ  ကလေးငယ်တစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ    မန္တလေးတိုင်းဒေသကြီး    တံတားဦး မြို့နယ် တံတားဦးလေဆိပ်တာဝန်ကျ ရဲအရာရှိတစ်ဦး သည်   စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ၎င်း၏ ဇနီး၊ (၉)နှစ်အရွယ် သမီးတစ်ဦးနှင့် နှစ်နှစ်အရွယ်သားတစ်ဦးတို့နှင့်အတူ   Honda Fit   အမျိုးအစား မော်တော်ယာဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်း မြို့နယ် သလွန်ဖြူကျေးရွာ၌  နေထိုင်သည့် မိဘများ အား     သွားရောက်ကန်တော့ကာ   ညနေပိုင်းတွင် တံတားဦးလေဆိပ်သို့    ပြန်ရန်အတွက်  ကျေးရွာရှိ “ရွှေဘုံသာ”  ဘုန်းကြီးကျောင်းအနီး၌   ရပ်တန့်ထား သည့် ၎င်းတို့၏  မော်တော်ယာဉ်သို့ သွားရောက်စဉ် မော်တော်ယာဉ်အနီးအရောက်၌  အသင့်စောင့်ဆိုင်း နေသည့်   PDF  အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့်      ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ရဲအရာရှိမှာ    လက်နက်ငယ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌    သေဆုံးခဲ့ပြီး   နှစ်နှစ်အရွယ် သားဖြစ်သူတွင်  တင်ပါးကျည်ထိမှန်    ဒဏ်ရာရရှိခဲ့ သည်။ 
ထို့နောက် အကြမ်းဖက်သမားများသည် ရဲအရာရှိ ၏ဇနီးအား မော်တော်ယာဉ်ဖြင့် သလွန်ဖြူကျေးရွာအနောက်ပိုင်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား ပြန်လည်သယ်ဆောင်၍   အခင်းဖြစ်နေရာ၌ ချထား ကာ မော်တော်ယာဉ်အား  မောင်းနှင်ယူဆောင်သွားခဲ့ သည်။
ဖြစ်စဉ်တွင် ရဲအရာရှိနှင့် မိသားစုသည် မိဘများ အား ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာနှင့်အညီ သွား ရောက်ကန်တော့ခြင်းသာဖြစ်ပြီး  ထိုသို့ သွားရောက် ခြင်းသည် လုံခြုံရေးတာဝန် သွားရောက်ထမ်းဆောင် ခြင်း မဟုတ်သကဲ့သို့  အခြားရည်ရွယ်ချက်ဖြင့် သွား ရောက်ခြင်းမဟုတ်ကြောင်းနှင့်  ၎င်း၏ဇနီးမှာလည်း နိုင်ငံရေးနှင့်ပတ်သက်ဆက်နွှယ်မှုမရှိသူ   ရိုးသားစွာ နေထိုင်လျက်ရှိသည့်     သာမန်အရပ်သားပြည်သူ တစ်ဦးသာဖြစ်ကြောင်း သိရသည်။
ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံဝန်ထမ်းများအား   လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဝန်ထမ်းများ၏ ရိုးသားစွာနေထိုင်လျက်ရှိပြီး နိုင်ငံရေး နှင့် ပတ်သက်ဆက်နွှယ်မှုမရှိသူ   အပြစ်မဲ့ပြည်သူ များဖြစ်ကြသည့်   မိဘ၊  ဇနီးနှင့်  သားသမီးများကိုပါ အကြောင်းအမျိုးမျိုးပြ၍   ဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ကာ ငွေကြေး တောင်းခံခြင်းများ စသည့် အကြမ်းဖက်မှုလုပ်ရပ်များ အား ယုတ်မာရက်စက်စွာ လုပ်ဆောင်လျက်ရှိသဖြင့် ၎င်းအကြမ်းဖက်သမားများ၏   လုပ်ရပ်များအပေါ် အများပြည်သူများအနေဖြင့်  ရွံရှာစက်ဆုပ်လျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်မှုကျူးလွန်သူများအား  ဥပဒေနှင့်အညီ ထိရောက်စွာ   ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။                                              သတင်းစဉ်