
မုံရွာ မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ နိုင်လွန် ကတ္တရာ စက်ရုံအမှတ်(၂) ဖွင့်ပွဲအခမ်းအနားကို မေ ၁၆ ရက်က စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် အဆိုပါ စက်ရုံ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းမြို့ သည် နိုင်ငံခြားခရီးသည်များ များစွာလာရောက် လည်ပတ်သည့် ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်လွန် ကတ္တရာစက်ရုံနှင့် ဆက်စပ်ယာဉ်ယန္တရားများကို ဦးစားပေးလျာထား ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စစ်ကိုင်း မြို့တွင် နိုင်လွန်ကတ္တရာစက်ရုံသစ်ကြီး တည်ဆောက် ပေးသကဲ့သို့ စည်ပင်သာယာရေးအဖွဲ့များကလည်း စနစ်တကျလုပ်ငန်း ဆောင်ရွက်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းတို့ကို စေတနာထားဆောင်ရွက် ပေးသွားကြရန် လိုအပ်ကြောင်း၊ စစ်ကိုင်းမြို့နေ ပြည်သူလူထုအနေဖြင့်လည်း ဆောင်ရွက်ပေးသွား မည့်လမ်းများကို ရေရှည်တည်တံ့ရေး၊ သန့်ရှင်း သာယာလှပရေးကိစ္စရပ်များတွင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ သမတက္ကသိုလ် လမ်း နိုင်လွန်ကတ္တရာလမ်းခင်းကျင်းခြင်း လုပ်ငန်း ခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးက သမဝါယမတက္ကသိုလ်လမ်း အရှည်ပေ ၅၆၀၀ ၊ အကျယ် ၃၂ ပေ၊ နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းများနှင့် စစ်ကိုင်းမြို့အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် နိုင်လွန်ကတ္တရာ လမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ခေတ်မီစက်ယန္တရားများဖြင့် နိုင်လွန်ကတ္တရာ ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)