စစ်ကိုင်းမြို့ မျက်မမြင်ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပြိုင်ပွဲ ဆုချီးမြှင့်

 

စစ်ကိုင်း   ဒီဇင်ဘာ   ၂


လူမှုဝန်ထမ်းဦးစီးဌာန စစ်ကိုင်းမျက်မမြင်ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အဆို၊ ပန်းချီ၊ အားကစားပြိုင်ပွဲများ ၌ ဆုရရှိသူများအား ဆုပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်က ကျင်းပသည်။


အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူး က  “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့် ကူညီဆောင်ရွက်စို့” ဆိုသည့်အတိုင်း  မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရရှိစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက် ရှိသကဲ့သို့ စစ်ကိုင်းမျက်မမြင်ကျောင်းမှ ကျောင်းသား ကျောင်းသူများ အား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အရည်အသွေးများ ဖွံ့ဖြိုး လာစေရန်ရည်ရွယ်ပြီး အဆိုပြိုင်ပွဲ၊   အပြေးပြိုင်ပွဲ၊  သံလုံးပစ်ပြိုင်ပွဲ၊ အိတ်စွပ်ပြေးပြိုင်ပွဲ၊ ပန်းချီ၊ စစ်တုရင် ပြိုင်ပွဲများ ကျင်းပပေးပြီး ဆုများ ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍  ပြိုင်ပွဲ အလိုက် ဆုရရှိသူများအား တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများက  ဆုများပေးအပ်ကြကြောင်း  သိရ သည်။                                                   

ဇော်မြင့်နိုင်(ပြန်/ဆက်)