
နေပြည်တော် အောက်တိုဘာ ၁
တပ်မတော်သားတိုင်းအနေဖြင့် တစ်ဦးချင်း အဆင့် လိုက် နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ ကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်အောင် လုပ်ဆောင် နေခြင်းသည် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့် နာခံမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ ဆံပင်ပုံစံ မှစ၍ ဖိနပ်ကြိုးစည်းသည်အဆုံး နေထိုင်သွားလာမှု၊ ဝတ်စားဆင်ယင်မှု၊ စားသောက်မှုပုံစံများအားလုံး စည်းကမ်းစနစ်တကျရှိနေခြင်းသည် စစ်သားကောင်း တစ်ယောက်၏ အလေ့အကျင့်ကောင်းများပင် ဖြစ်သည့်အတွက် တစ်ဦးချင်းစည်းကမ်းစနစ်တကျ ရှိအောင် နေထိုင်ကြရန်နှင့် အစဉ်အလာကောင်းများ ကို ဆက်လက် ထိန်းသိမ်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် တောင်ကြီး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲ မှု အခြေအနေများနှင့် တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတို့ကို သိရှိနားလည် ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အနှစ်သာရပင်ဖြစ်ပြီး ရွေးကောက်ပွဲ ၌ မသမာသောနည်းလမ်းများဖြင့် အနိုင်ရရှိရန် လုပ်ဆောင်မှုများကို မည်သည့်နိုင်ငံမျှလက်ခံနိုင်မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိလာ သည့် ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှတစ်ဆင့် ဥပဒေပြုရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာတို့တွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ခေါင်းဆောင်များ ကို မိမိတို့ကိုယ်စား ဆန္ဒမဲပေးရွေးချယ်ပေးကြရ သည်ဖြစ်သည့်အတွက် မှန်ကန်သည့် ပြည်သူ့ ကိုယ်စားလှယ်များဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မသမာသော နည်းလမ်းများအသုံးပြု၍ ရွေးကောက်ပွဲ တွင် အနိုင်ရရှိလာသူများသည် ပြည်သူ့ကိုယ်စား လှယ်အစစ်အမှန် မည်သို့မျှ ဖြစ်နိုင်မည်မဟုတ် ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ် ခဲ့သည့် ကြီးမားသည့် မဲစာရင်းမှားယွင်းနေမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် မည်သို့ပင်ပြောဆိုခဲ့သော် လည်း တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးခြင်း မရှိသည့်အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ ၍ အစိုးရအသစ်ဖွဲ့ကာ နိုင်ငံတော်၏အာဏာကို မတရားသောနည်းလမ်းဖြင့် အဓမ္မရယူရန် ဆောင်ရွက်ခဲ့သောကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း။
တပ်မတော်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ မိမိ တို့ တပ်မတော်သားများ၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ဖြစ်အောင် လေ့ကျင့်နေကြရမည် ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များအနေဖြင့် တစ်ဦး ချင်း နေ့စဉ်ထမ်းဆောင်ရသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်နှင့် အရည်အချင်း မြှင့်တင်ပေးရန်အတွက် လေ့ကျင့်ရေးဆိုင်ရာနှင့် ပညာရပ်ပိုင်းဆိုင်ရာသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ အဆင့်လိုက် လုပ်ဆောင်ရမည့်တာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်နေခြင်းသည် စစ်စည်းကမ်းကောင်းမွန် မှုနှင့် အမိန့်နာခံမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သည် စတင်သန္ဓေတည်ပေါက်ဖွားလာကတည်းကပင် စည်းကမ်းကောင်းမွန်ပြီး အမိန့် နာခံမှုကောင်းသည့် တပ်မတော်တစ်ရပ်ဖြစ်ပြီး စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင် ဖြစ်သည့်အတွက် တပ်မတော်၏ အစဉ်အလာကောင်း များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင် ရာ၌ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည် ဖြစ်စေ ခြေလျင်တပ်ကဲ့သို့ တာဝန်ထမ်းဆောင်နိုင်ရ မည်ဖြစ်ပြီး အမြဲတမ်းတိုက်ပွဲဝင်အသင့် (Fit for Fight, Ready for Fight) ဖြစ်နေရန်လိုအပ်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် လေ့ကျင့်သားပြည့်ဝအောင် လုပ်ဆောင်နေကြရမည်ဖြစ်ကြောင်း။
ထို့ပြင် မိမိတို့တစ်ဦးချင်း၏ အသိပညာ၊ အတတ် ပညာ ကြွယ်ဝစေရေးအတွက် မိမိဘဝကို တိုးတက် စေနိုင်သည့် စာအုပ်စာပေဗဟုသုတများကို လေ့လာ မှတ်သားရမည်ဖြစ်ပြီး မိမိလုပ်ငန်းတာဝန်နှင့် သက်ဆိုင်သည်မှန်သမျှကို သိရှိအောင် အမြဲကြိုးစား နေရမည်ဖြစ်ကာ ပိုမိုကောင်းမွန်အောင်လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ၊ မိသားစု ဝင်များ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် သက်သာချောင်ချိရေးတို့ကို သတ်မှတ်ထားသည့် အဆင့်နှင့်လျော်ညီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်သဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန်နှင့် စွမ်းရည်သုံးရပ်ထက်မြက်နေအောင် ကြိုးပမ်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးတာဝန် ရှိသူများအနေဖြင့်လည်း ညီညွတ်မျှတပြီး ကျောသား ရင်သားမခွဲခြားသည့် ခေါင်းဆောင်မှုရှိရမည်ဖြစ်ကာ လက်အောက်ငယ်သားများ၏ အုပ်ချုပ်ထောက်ပံ့မှု ဆိုင်ရာ လိုအပ်သည်မှန်သမျှကို ဖြည့်ဆည်းဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ လက်အောက်ငယ်သား များကလည်း မိမိတို့၏ လိုအပ်ချက်များကို မှန်မှန်ကန်ကန်သတင်းပို့တင်ပြရမည်ဖြစ်ကာ တာဝန်ရှိသူ အဆင့်ဆင့်မှလည်း မှန်ကန်မြန်ဆန်စွာဖြင့် ဖြေရှင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာသင်ကြားရေးပိုင်းတွင် နောက်ကျနေ၍မရဘဲ ပညာတတ်လူသားအရင်းအမြစ်များ အမြဲမပြတ် ပေါ်ထွက်လာရန် လိုအပ်သည့်အတွက် တပ်မတော် အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင် ခဲ့ရပြီးနောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြောင့် ပိတ်ထားရသည့် ကျောင်းများကို နိုင်ငံတော်၊ မိဘနှင့် ကာယကံရှင် ကျောင်းသားကျောင်းသူများ သုံးဦးသုံးဖက် နစ်နာမှုမရှိစေရန် ပြန်လည်ဖွင့်လှစ် သင်ကြားစေခဲ့ကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်မှု အခြေအနေများကြောင့် ပြန်လည်ပိတ်ထားခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် အုပ်ချုပ်သူအဖွဲ့အစည်း၊ ကျန်းမာရေးဝန်ထမ်းများ နှင့် ပြည်သူလူထုတို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှု များကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ၈ ရာခိုင် နှုန်းဝန်းကျင်သာရှိတော့သည်အထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို မျှော်မှန်းထားသည့် အတိုင်းအတာတစ်ခုအထိ လျော့ကျလာမှသာလျှင် ပညာရေးအပါအဝင် အခြား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ကူးစက်ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာရန် လိုအပ်မည် ဖြစ်ကြောင်း၊ တစ်ဦးချင်းစည်းကမ်းလိုက်နာမှုမှ တပ်ခွဲအလိုက်၊ တပ်ရင်းအလိုက် ထိုမှတစ်ဆင့် တပ်မတော်တစ်ရပ်လုံး ရောဂါကူးစက်မှုနှုန်းလျော့ကျ လာမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် နိုင်ငံတော်တစ်ရပ်လုံး အတိုင်းအတာအထိ ထိန်းချုပ်နိုင်မည်ဖြစ်သဖြင့် တစ်ဦးချင်း ကိုယ်စီအသိစိတ်ဓာတ်များဖြင့် ဝိုင်းဝန်း ထိန်းသိမ်းနေထိုင်ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ဇနီးက မိခင်နှင့်ကလေးထောက်ပံ့ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်နယ်အားကစားကွင်းအဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အိမ်ထောင်သည်လိုင်းခန်းများ အဆင့်မြှင့်တင် ဆောက်လုပ်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်