
နေပြည်တော် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသတိုက်ပွဲ များတွင် တပ်မတော်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းသည် ပစ်ခတ်ခံရ၍ သေဆုံးသွားပြီဟု တရားမဝင် ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Khit Thit မီဒီယာအပါအဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာ များပေါ်၌ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ဗိုလ်မှူးချုပ် အောင်ဇော်လင်းသည် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၏ စစ်ဆင်ရေးတာဝန်များကို ကွပ်ကဲကြပ်မတ်လျက်ရှိကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် တိုက်ပွဲဝင် တပ်မတော်သားများ စိတ်ဓာတ်ကျဆင်းစေရန်အတွက် လည်းကောင်း၊ တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွဲမှား စေရန်နှင့် ယုံကြည်မှုလျော့နည်းစေရန် အတွက်လည်း ကောင်း ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဝါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်