
ကိယက်ဗ် ဖေဖော်ဝါရီ ၂၅
စစ်ဆင်ရေး ဆင်နွှဲနေခြင်းကို အဆုံးသတ်ရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီက ရုရှားနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုနေစဉ် ရုရှားတပ်ဖွဲ့များ သည် ကိယက်ဗ်မြို့လယ်သို့ အလျင်အမြန် ဦးတည်ရွေ့လျား နေကြောင်း ယူကရိန်းကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟန်နာ မာလီယာက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားလိုက် သည်။
ရုရှားတပ်ဖွဲ့သည် ယူကရိန်း စစ်တပ် ယာဉ်နှစ်စီးကို သိမ်းယူ လိုက်ပြီး ယူကရိန်းစစ်တပ်ဝတ်စုံ များ ပြောင်းလဲဝတ်ဆင်ကာ လျင်မြန်သော အမြန်နှုန်းဖြင့် ကိယက်ဗ်မြို့လယ်သို့ ချီတက်နေ ကြောင်း ယူကရိန်းအစိုးရသတင်း အေဂျင်စီ ယူကရင်ဖွန်းမ်က မာလီယာ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၂၅ ရက် ဗီဒီယို သတင်းစကားတွင် ဇီလန်စကီက ရုရှားအား မိမိနိုင်ငံအပေါ် စစ်ရေး ဆင်နွှဲမှုများ ရပ်ဆိုင်းရန် တိုက်တွန်း ပြောကြားလိုက်ပြီး ပဋိပက္ခမည်သို့မည်ပုံ အဆုံးသတ် မလဲဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင် သွားရန်လည်း တိုက်တွန်းပြော ကြားလိုက်သည်။
ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားသမ္မတက ဒွန်ဘက်စ်ကို စစ်ဆင်ရေးပြုလုပ်ရန် ခွင့်ပြုလိုက် ပြီးနောက် ယူကရိန်းနိုင်ငံ တစ်ဝန်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက် ခြင်းကို ခံနေရကြောင်း ယူကရိန်း က အတည်ပြု ပြောကြားလိုက် သည်။
ဆင်ဟွာ