
ဟားခါး ဖေဖော်ဝါရီ ၂၅
စစ်ဗျူဟာအဖွဲ့(အခြေချ)ဟားခါးတပ်နယ် အခြေခံ ပညာ မူလတန်းလွန်ကျောင်း၌ ပညာသင်ကြားပေး နေမှုအား ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က သွားရောက်ကြည့်ရှုသည်။
ထိုသို့သွားရောက်ကြည့်ရှုရာတွင် ပြည်နယ် ဝန်ကြီးချုပ်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်းတို့နှင့်အတူ ဟားခါးတပ်နယ် အခြေခံပညာမူလတန်းလွန်ကျောင်း၌ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဆရာ ဆရာမများက ကြိုဆိုကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား ရည်မှန်းချက်မြင့်မြင့်ထားရှိ ရန်လိုသလို မိမိ၏ရည်မှန်းချက် အောင်မြင်အောင် လည်း ကြိုးစားအားထုတ်ရန်လိုကြောင်း၊ အဓိက စာကြိုးစားရန်လိုကြောင်း အားပေးစကား ပြောကြား သည်။
ယင်းနောက် ကျောင်းအုပ်ဆရာကြီးရုံးခန်းတွင် ဆရာ ဆရာမများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အားပေးစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအား အာဟာရဖြည့်အစားအစာများဝယ်ယူရန်အတွက် ထောက်ပံ့ငွေများပေးအပ်သည်။
ခရိုင်(ပြန်/ဆက်)