စစ်ဘက်ခေါင်းဆောင်များပီသစွာဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်းပီသသည့် စိတ်ဓာတ်တို့ဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန်လို

 

နေပြည်တော်  ဇွန်   ၈


တပ်မတော်တွင်     တာဝန်ထမ်းဆောင်နေသူများ အားလုံးသည် မိမိဆန္ဒအလျောက် တိုင်းချစ်၊ ပြည်ချစ် စိတ်ဖြင့် တာဝန်ထမ်းဆောင်နေခြင်းပင် ဖြစ်ကြောင်း၊ မည်သူတစ်ဦး   တစ်ယောက်၏  တိုက်တွန်းချက်မျှ မပါရှိဘဲ မိမိတို့၏ ဆန္ဒအလျောက် တပ်မတော်အတွင်း ဝင်ရောက်လာကြသူများဖြစ်သဖြင့်    မိမိကိုယ်ကို ဂုဏ်ယူပြီး တန်ဖိုးထားကြရန်လိုကြောင်း၊ စစ်ဘက် ခေါင်းဆောင်များဖြစ်သဖြင့်  ရဲရင့်ပြတ်သားသည့် စိတ်ရှိရန်နှင့်   ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ နေထိုင်ကျင့်ကြံရန်နှင့် ကွပ်ကဲအုပ်ချုပ်ရန် လိုအပ် မည်ဖြစ်ကြောင်းနှင့်   မိမိကိုယ်ကို  မိမိတိုးတက် အောင်     အမြဲလေ့လာလေ့ကျင့်နေကြရမည်ဖြစ် ကြောင်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်က   ယနေ့     မွန်းလွဲပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ  နည်းပြအရာရှိကြီးများ၊  အမျိုးသမီးဗိုလ်လောင်း သင်တန်းသူများ၊    အမျိုးသမီးခြေလျင်တပ်စုမှူး သင်တန်းမှ သင်တန်းသူများ၊ နယ်မြေခံ လေတပ် စခန်းဌာနချုပ်မှ  အရာရှိကြီးများအား သက်ဆိုင်ရာ ခန်းမများ၌ သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။ 

 


အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ  ဥက္ကဋ္ဌ     တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ     ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော် (ကြည်း)           ဗိုလ်သင်တန်းကျောင်း  (မှော်ဘီ) ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိများ၊ သင်တန်းသူအမျိုးသမီးအရာရှိများနှင့် ဗိုလ်လောင်းများ၊ နယ်မြေခံ လေတပ်စခန်း ဌာနချုပ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

 


အမျိုးသမီးစစ်မှုထမ်းများ မွေးထုတ်ပေးပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့ အသီးသီးတွင် တာဝန်ပေးအပ်လျက်ရှိဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  အမှာစကား ပြောကြားရာတွင် တပ်မတော်၌ အမျိုးသမီးစစ်မှုထမ်း များ  ခန့်အပ်တာဝန်ပေးအပ်  ထမ်းဆောင်လျက်ရှိ သည်မှာ  ၁၉၅၈ ခုနှစ်ကတည်းကပင် ရှိခဲ့ကြောင်း၊ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ကြားကာလ အချိန်များတွင် ဆေးဝန်ထမ်းတပ်ဖွဲ့များမှအပ အခြား အမျိုးသမီးစစ်မှုထမ်းများကို တာဝန်ပေးအပ်နိုင်မှု မရှိခဲ့ကြောင်း၊ မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်၌        တပ်မတော်တွင် အမျိုးသမီးအရာရှိများ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်၌ တပ်မတော်(ကြည်း၊ ရေ၊ လေ) နှင့်   လက်ရုံးဝန်ထမ်းတပ်ဖွဲ့အသီးသီး၌ အမျိုးသမီးအရာရှိများ တာဝန်ထမ်းဆောင်လျက် ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် အခြားအဆင့် အမျိုးသမီး စစ်မှုထမ်းများကိုလည်း မွေးထုတ်တာဝန်ပေးအပ် ခဲ့ပြီး တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများကို ဆက်လက်မွေးထုတ်ပေးလျက်ရှိကြောင်း။

 


အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်        အမျိုးသမီး လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ဆောင်ရွက်ရမည်


မကြာသေးမီက  ကောက်ခံခဲ့သည့်  သန်းခေါင် စာရင်းတွင် မြန်မာနိုင်ငံ၏  လူဦးရေ  ၅၃ ရာခိုင်နှုန်း သည် အမျိုးသမီးများဖြစ်ကြပြီး အများစုမှာမှီခိုသူများ ဖြစ်ပြီး လုပ်အားများ အပြည့်အဝအသုံးမချနိုင်သည် ကို တွေ့ရှိရကြောင်း၊ ပညာရေး၊ ရုံး/ဌာန၊ အထည် ချုပ် လုပ်ငန်းပါသည့် SME များတွင်အများစုလုပ်ကိုင် ကြသည်ကိုတွေ့ရကြောင်း၊  ထို့ကြောင့် လူ့စွမ်းအား အရင်းအမြစ်နှင့်   ပတ်သက်၍   အမျိုးသမီးများ၏ အခန်းကဏ္ဍကို  လေးလေးနက်နက်ဖြင့်   စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 


မိမိတို့နိုင်ငံ၏  ဧရိယာသည်  စတုရန်းမိုင်ပေါင်း ၂၆၀၀၀၀ ကျော်၊ လူဦးရေ ၅၅ သန်းကျော်ရှိကြောင်း၊ စိုက်ပျိုးမြေများ  များစွာရှိပြီး မျှတသည့်ရာသီဥတု ရှိကြောင်း၊ ဒေသအလိုက် ထိုက်သင့်သည့် စိုက်ပျိုးရေး နှင့်    မွေးမြူရေးလုပ်ငန်းများကို    ဆောင်ရွက်၍ ရကြောင်း၊ သဘာဝမှပေးထားသည့် အရင်းအမြစ်များ ကို    အသုံးချဆောင်ရွက်မည်ဆိုပါက   မိမိတို့နိုင်ငံ တိုးတက်လာမည်ဖြစ်ပြီး ၎င်းတို့ကို အသုံးချနိုင်ရန် အတွက်   လူသားအရင်းအမြစ်များလည်း  လိုအပ် သဖြင့် အမျိုးသမီးများသည်လည်း ပါဝင်ဆောင်ရွက် နိုင်ရန်လိုကြောင်း၊    တပ်မတော်တွင်   တာဝန် ထမ်းဆောင်လျက်ရှိသည့် အမျိုးသမီးစစ်မှုထမ်းများ သည် အမျိုးသားများပင် တာဝန်ထမ်းဆောင်ရန် ခက်ခဲသည့်   တပ်မတော်၌   မိမိဆန္ဒအလျောက် တိုင်းချစ်၊ ပြည်ချစ်စိတ်ဖြင့် တာဝန်ထမ်းဆောင်လျက် ရှိသဖြင့် မိမိကိုယ်ကိုဂုဏ်ယူပြီး တန်ဖိုးထားကြရန် လိုကြောင်း၊    တပ်မတော်တွင်   သင်တန်းစတင် တက်ရောက်သည့် အချိန်မှစ၍ တပ်မတော်သားဘဝ ကို ခံယူရမည်ဖြစ်ပြီး တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်မည်ဟူသည့်    ရှိရင်းစွဲအခံစိတ်များဖြင့် မိမိရွေးချယ်သည့်လမ်းကြောင်းပေါ်တွင်   စိတ်ကို ပိုင်နိုင်စွာ   ဆုံးဖြတ်ချက်ချ၍   ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

 


ခေါင်းဆောင်မှုပညာရပ်များကို အသုံးချ၍ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်


ယခုသင်တန်း   တက်ရောက်ကြသူများသည် အသက် ၁၈ နှစ်အထက်ရှိပြီးသူများ  ဖြစ်သဖြင့် မိမိကိုယ်တိုင်  ဆုံးဖြတ်ချက်ချနိုင်သည့် အရွယ်များ ဖြစ်ကြကြောင်း၊   သင်တန်းပြီးဆုံးပြီး   တန်းပြည့် စစ်မှုထမ်းချိန်တွင်    စစ်သားစိတ်ဖြင့်    တာဝန် ထမ်းဆောင်ရန်လိုကြောင်း၊  အရာရှိများအနေဖြင့် စစ်ဘက်ခေါင်းဆောင်များဖြစ်သဖြင့် ရဲရင့်ပြတ်သား သည့်စိတ်ရှိရန်လိုကြောင်း၊  ခေါင်းဆောင်မှုအင်္ဂါရပ် များနှင့်အညီ လက်အောက် ငယ်သားများကို ညီညွတ် မျှတစွာဖြင့်  အုပ်ချုပ်ရန်လိုကြောင်း၊  အမျိုးသမီး အရာရှိများကို ရွေးချယ်ဆောင်ရွက်ရာတွင် အဆင့်ဆင့် အကဲဖြတ်  စစ်ဆေးဆောင်ရွက်ပြီး ခေါင်းဆောင်မှု   အရည်အချင်းအပေါ်  အခြေခံ၍ ရွေးချယ်ခြင်းပင်ဖြစ် ကြောင်း၊ ခေါင်းဆောင်မှု ပညာရပ်များနှင့်ပတ်သက်၍ လေ့လာ၊    လေ့ကျင့်၊    လိုက်နာဆောင်ရွက်နေရန် လိုကြောင်း။     

 


မိမိတို့တာဝန်ထမ်းဆောင်သည့် လုပ်ငန်းရပ်များ အပေါ်   အလေးထား  ဆောင်ရွက်ရန်လိုကြောင်း၊ စည်းကမ်းရှိရန်နှင့်  အကျင့်စာရိတ္တကောင်းမွန်ရန် လည်း အမြဲမပြတ် ဂရုတစိုက်ထိန်းသိမ်းဆောင်ရွက် နေရန်လိုကြောင်း၊ တက္ကသိုလ် ပြီးမြောက်ပြီးသူများ ဖြစ်သဖြင့်  ဘာသာရပ်ဆိုင်ရာ  အတွေ့အကြုံများ ရှိပြီး   အရည်အချင်းရှိပြီးသူများဖြစ်၍    မိမိတို့ တတ်ကျွမ်းပြီးသား    ဘာသာရပ်ကို    အသုံးချပြီး ရည်မှန်းချက်အတိုင်း  မိမိတို့ဘဝ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တပ်မတော်၌ တာဝန် ထမ်းဆောင်ရာတွင် ပခုံးပြောင်း တာဝန်ထမ်းဆောင် ရခြင်းဖြစ်၍       နောင်အနာဂတ်       မျိုးဆက်သစ်  အမျိုးသမီးစစ်မှုထမ်းများကိုလည်း ကောင်းမွန်သည့် တပ်မတော်၏ အစဉ်အလာများကို လက်ဆင့်ကမ်း နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။                  

 


ထမ်းဆောင်နိုင်ရန်လိုကြောင်း၊     ယူနီဖောင်းကို    စနစ်တကျဝတ်ဆင်ခြင်းသည် စည်းကမ်းစနစ်တကျ ဆောင်ရွက်ခြင်းကို ထိန်းသိမ်းခြင်းပင်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ချိန်၌ ရာထူးအရ၊ အသက်အရွယ် အရ၊ သင်တန်းအဆင့်သတ်မှတ်ချက်များအရ တာဝန် ထမ်းဆောင်ခြင်းများ     ကွာခြားလာမည်ဖြစ်သဖြင့် မိမိတို့     ရည်မှန်းချက်များ     ပြည့်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

 


စိတ်ဓာတ်ကြံ့ခိုင်မှုများကို ဆက်လက်ထိန်းသိမ်း၍ ဘဝတစ်လျှောက်လုံး မိမိကိုယ်မိမိ 
အမြဲတိုးတက်မှုရှိအောင် တည်ဆောက်ကြရမည်


စစ်ပညာသင်ကြားခြင်းသည် မိမိတို့အသက်ကို ကာကွယ်ရန်အတွက် ဦးစားပေး သင်ကြားပေးခြင်း ဖြစ်သဖြင့်   အလေးထား    လိုက်နာသင်ယူကြရန် လိုကြောင်း၊ တာဝန်ထမ်းဆောင်ရာ၌  အမျိုးသမီး စစ်မှုထမ်းများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုများကို တွေ့ရှိ ရပြီး    ၎င်းစိတ်ဓာတ်ကြံ့ခိုင်မှုများကို    ဆက်လက် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊  တပ်မတော် (ကြည်း)၌သာမက တပ်မတော်(ရေ)နှင့် တပ်မတော် (လေ)တို့တွင်လည်း အမျိုးသမီးစစ်မှုထမ်းများအနေ ဖြင့်  ပေးအပ်လာသည့်  တာဝန်များကို  ကျေပွန်စွာ တာဝန် ထမ်းဆောင်နိုင်သည်ကို တွေ့ရှိရကြောင်း။   

 


သင်တန်းတွင်        သင်ကြားပေးလိုက်သည့် စစ်ပညာများကို ကျွမ်းကျင်အောင် လေ့လာကြစေလို ကြောင်း၊  အဆင့်ဆင့်သော တန်းမြှင့်သင်တန်းများ တွင်လည်း အဆင့် နှင့်လျော်ညီစွာတာဝန်ထမ်းဆောင် နိုင်သူများဖြစ်အောင်     သင်ယူကြရန်လိုကြောင်း၊ မိမိတို့    တာဝန်ကျရာနေရာအသီးသီး၌   တာဝန် ထမ်းဆောင်ရာတွင်လည်း စနစ်တကျဖြင့် တာဝန် ထမ်းဆောင်ကြရန်လိုကြောင်း၊ မိမိတို့ဘဝတိုးတက် ရေးအတွက် အထောက်အကူဖြစ်စေမည့် စာပေများ ကို      ဖတ်ရှုလေ့လာမှတ်သားပြီး     မိမိကိုယ်မိမိ အမြဲတိုးတက်နေအောင်   တည်ဆောက်ကြရမည် ဖြစ်ကြောင်း။

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ 
ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်လို


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုနှင့်   လုံခြုံရေးအရ   တည်ငြိမ် အေးချမ်းမှုများရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းလျက်ရှိပြီး ခေတ်အဆက်ဆက် နိုင်ငံ၏ လိုအပ်ချက်များအရ တပ်မတော်မှ နိုင်ငံတော်တာဝန် များကို      ဝင်ရောက်ထမ်းဆောင်ခဲ့ရသည်များ ရှိကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် တာဝန်ရှိ သူများမှ  ဥပဒေအရ  တာဝန်ယူရှင်းလင်းခြင်း မပြု သည့်အတွက်     ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏  တာဝန်များကို  ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အတွက်  မိမိတို့အနေဖြင့်  ငြိမ်းချမ်းရေးဆွေးနွေး ပွဲများပြုလုပ်၍  ဆွေးနွေးလျက်ရှိပြီး ကျန်ရှိသည့် အဖွဲ့များနှင့်လည်း    ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊  ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး     ငြိမ်းချမ်းမှုရှိရန်     လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ  မကျင်းပနိုင်ပါက ၎င်းနယ်မြေများရှိ ပြည်သူများ၏  အခွင့်အရေးများ  ဆုံးရှုံးမှုရှိလာနိုင် ကြောင်း၊    ထို့ကြောင့်    အထွေထွေရွေးကောက်ပွဲ (General Election)  ဆိုသည့်    စကားနှင့်အညီ ရွေးကောက်ပွဲကို   တစ်နိုင်ငံလုံး   ကျင်းပနိုင်ရန်လို ကြောင်း၊ သို့မှသာ ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို   မှန်မှန်ကန်ကန်   ဖော်ဆောင် နိုင်မည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံ သည့် ပြည်ထောင်စုစနစ်ကို သွားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်သား များအနေဖြင့် မိမိတို့ ကျရာတာဝန်များကို စစ်သား စိတ်မွေး၍ ကျေပွန်စွာဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။

 


တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်သည်    တက်ရောက်လာကြသည့်   တာဝန်ရှိ သူများ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်