
ခါတွန် အောက်တိုဘာ ၁၃
ဆူဒန်နိုင်ငံ၌ ကြောက်မက်ဖွယ် ပဋိပက္ခများ ဖြစ်ပွားနေစဉ် ပြည်သူများမှာ ဆေးဘက်ဆိုင်ရာ အရေးကြီးသည့် အကူအညီများ ရရှိရန် ရုန်းကန်နေရသည်ဟု အောက်တိုဘာ ၁၂ ရက်တွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့ က သတိပေးခဲ့သည်။
ဆူဒန်တပ်ဖွဲ့နှင့် Rapid Supp- ort Forces (RSF) အဖွဲ့တို့အကြား ပဋိပက္ခများ ဖြစ်ပွားနေသည်မှာ ခြောက်လနီးပါး ကြာမြင့်လာပြီ ဖြစ်ပြီး တိုင်းပြည်၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ပြိုလဲလု နီးနီးဖြစ်လာသည်ဟု နယ်စည်း မခြား ဆရာဝန်များအဖွဲ့က ပြောသည်။
ဆူဒန်ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများမှာ ပြည်သူများ ဆေးဝါးလိုအပ်ချက် ပြည့်မီအောင် ရုန်းကန်ကြိုးပမ်းနေ ရသည်။ နိုင်ငံအတွင်း ကူးစက် ရောဂါနှင့် ရောဂါပျံ့နှံ့မှုမှာလည်း ဆက်လက် ဖြစ်ပွားနေသည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောသည်။
ဆူဒန်နိုင်ငံတစ်လွှား ယိုင်နဲ့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာလည်းရုန်းကန်နေရကာ အရေး ပေါ်အခန်းများမှာ လူပြည့်နေပြီး ဆေးရုံအချို့မှာ လုံးဝပိတ်လိုက် ရပြီဖြစ်သည်။
ဆူဒန်နိုင်ငံတွင် မကြာသေးမီ ကာလအတွင်း ငှက်ဖျား၊ တုပ်ကွေး နှင့် ကာလဝမ်းရောဂါအပါအဝင် အခြားသော ကူးစက်ရောဂါများ မှာ ကူးစက်မှုနှုန်းတိုးလာလျက် ရှိသည်ဟု သိရသည်။
ဆင်ဟွာ