စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၄ / ၂၀၂၃ ထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၄ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း  ၁၃    ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂   ရက်)
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ  အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် မွန်ပြည်နယ်၊   ရေးမြို့နယ်၊  ကရင်ပြည်နယ်၊  ကြာအင်းဆိပ်ကြီး မြို့နယ်နှင့်   ကော့ကရိတ်မြို့နယ်များအတွင်း   အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက် သည်။
၂။    တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက် ရှိသော အခြေအနေအရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော် လည်းကောင်း၊   စစ်နယ်မြေမှူးများကို  တာဝန်လွှဲအပ်၍လည်း ကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင် သည်။


        အမိန့်အရ

    အောင်လင်းဒွေး
    ဒုတိယဗိုလ်ချုပ်ကြီး
    အတွင်းရေးမှူး
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ