စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၃ / ၂၀၂၃ ထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊  ၃ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း  ၁၃    ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ   ၂   ရက်)
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက် စွာ  ဆောင်ရွက်နိုင်ရန်အလို့ငှာ   တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ပဲခူး တိုင်းဒေသကြီးအတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law)  အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက် သည်-
    (က)    ထန်းတပင်မြို့နယ်
    ( ခ )    အုတ်ဖိုမြို့နယ်
    ( ဂ )    နတ်တလင်းမြို့နယ်
    (ဃ)    ပေါင်းတည်မြို့နယ်
    ( င )    ပေါက်ခေါင်းမြို့နယ်
၂။    တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက် ရှိသော အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော် လည်းကောင်း၊  စစ်နယ်မြေမှူးများကို  တာဝန်လွှဲအပ်၍လည်း ကောင်း စစ်အုပ်ချုပ်ရေး (Martial  Law)  အာဏာကို  ကျင့်သုံး နိုင်သည်။
        အမိန့်အရ
    အောင်လင်းဒွေး
    ဒုတိယဗိုလ်ချုပ်ကြီး
    အတွင်းရေးမှူး
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ