
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၁ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်)
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းရှိ အောက်ပါ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ် ရေး (Martial Law)အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-
(က) စစ်ကိုင်းတိုင်းဒေသကြီး
(၁) အင်းတော်မြို့နယ်
(၂) ဗန်းမောက်မြို့နယ်
(၃) ကောလင်းမြို့နယ်
(၄) ပင်လယ်ဘူးမြို့နယ်
(၅) မြောင်မြို့နယ်
(၆) ဆားလင်းကြီးမြို့နယ်
(၇) ပုလဲမြို့နယ်
(၈) ယင်းမာပင်မြို့နယ်
(၉) ခင်ဦးမြို့နယ်
(၁၀) တန့်ဆည်မြို့နယ်
(၁၁) ရေဦးမြို့နယ်
( ခ ) ချင်းပြည်နယ်
(၁) တီးတိန်မြို့နယ်
(၂) တွန်းဇံမြို့နယ်
(၃) ဖလမ်းမြို့နယ်
(၄) ကန်ပက်လက်မြို့နယ်
(၅) မတူပီမြို့နယ်
(၆) ထန်တလန်မြို့နယ်
(၇) ဟားခါးမြို့နယ်
၂။ တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက် ရှိသော အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍ လည်း ကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံး နိုင်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ