စစ်အုပ်ချုပ်ရေး (Martial Law)အမိန့်အမှတ်၊ ၂ / ၂၀၂၃ ထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊  ၂ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း   ၁၃   ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂   ရက်)
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law)  အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၄၁၉  အရ အပ်နှင်းလိုက်သည်-
    (က)    ဂန့်ဂေါမြို့နယ်
    ( ခ )    ထီးလင်းမြို့နယ်
    ( ဂ )    ဆောမြို့နယ်
    (ဃ)    ပေါက်မြို့နယ်
    ( င)    မြိုင်မြို့နယ်
၂။    တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက် ရှိသော အခြေအနေအရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍ လည်း ကောင်း စစ်အုပ်ချုပ်ရေး (Martial  Law)  အာဏာကို  ကျင့်သုံး နိုင်သည်။
        အမိန့်အရ
    အောင်လင်းဒွေး
    ဒုတိယဗိုလ်ချုပ်ကြီး
    အတွင်းရေးမှူး
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ