
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၈ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်)
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး အား အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော် မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး(Martial Law)အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်။
၂။ တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ် မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးနိုင်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ်၊ ၉ / ၂၀၂၃ ထုတ်ပြန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၉ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်)
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၈/ ၂၀၂၃ ဖြင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းခဲ့ပါသည်။
၂။ စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။
၃။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေမှူးများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။
၄။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း မိမိကိုယ်တိုင် သော်လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော်လည်းကောင်း အောက်ပါကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်-
(က) အုပ်ချုပ်ရေး
(၁) လုံခြုံရေးကိစ္စရပ်များ၊
(၂) လူမှုရေးကိစ္စရပ်များ၊
(၃) ကုန်သွယ်ရေးကိစ္စရပ်များ၊
(၄) သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ။
( ခ ) တရားစီရင်ရေး
(၁) တရားရုံးများဖွဲ့စည်းခြင်း။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် စစ်အုပ်ချုပ် ရေးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများ ဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
(၂) စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်း ဖြင့် စစ်ဆေးစီရင်နိုင်သည်။
(၃) ပြစ်ဒဏ်ချမှတ်ခြင်း။ နောက်ဆက်တွဲဇယား(က)ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သူတစ်ဦး အား စစ်ခုံရုံးကပြစ်မှုထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ အောက်ပါပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်-
(ကက) သေဒဏ်၊
( ခ ခ ) နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊
( ဂ ဂ ) သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်။
(၄) အတည်ပြုခြင်း။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့စီရင်ခြင်းသည် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်စီရင်ပါက ထိုသို့စီရင်ခြင်းသည် အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ အတည်ပြုချက် ရရှိမှသာအတည်ဖြစ်သည်။ အတည်ပြု ခြင်းနှင့်ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့် များရှိသည်-
(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း။
( ခ ခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း။
( ဂ ဂ ) ပြစ်ဒဏ်ကိုပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း။
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်း။
(၅) အယူခံခြင်း။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက်များနှင့် စပ်လျဉ်း၍ အယူခံပိုင်ခွင့်မရှိစေရ။
(၆) ပြင်ဆင်မှုလျှောက်ထားခြင်း။ စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့်နေ့မှ (၁၅) ရက်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လည်းကောင်း၊ အခြားပြစ်ဒဏ်ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ လည်းကောင်း ပြင်ဆင်မှုလျှောက်ထားနိုင်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သို့မဟုတ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် မိမိသဘောအလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်နိုင်သည်။ ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက် ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-
(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
( ခခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊
( ဂဂ ) ပြစ်ဒဏ်ကို ပို၍နိမ့်သောပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။
(၇) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သို့မဟုတ် အနောက်မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးက မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်သည့် ကိစ္စတွင် အထက်အပိုဒ်ငယ်(၆)တွင်ပါရှိသော လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်ကို တိုးမြှင့်နိုင် သည်။
၅။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။
၆။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ အစီရင်ခံရမည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
နောက်ဆက်တွဲဇယား(က)
စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများ
၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊
၂။ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊
၃။ တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ်
ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊
၄။ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း
(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)၊
၅။ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊
၆။ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့်
စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊
၇။ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊
၈။ လက်နက်အက်ဥပဒေအရပြစ်မှုများ၊
၉။ လူသတ်မှု၊
၁၀။ လူသေမှု၊
၁၁။ မုဒိမ်းမှု၊
၁၂။ လုယက်မှု၊
၁၃။ ဓားပြမှု၊
၁၄။ အဂတိလိုက်စားမှု၊
၁၅။ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊
၁၆။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊
၁၇။ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ ပြစ်မှု
များ၊
၁၈။ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊
၁၉။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊
၂၀။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ
ပြစ်မှုများ၊
၂၁။ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊
၂၂။ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ၊
၂၃။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများ၊