စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ်၊ ၆ / ၂၀၂၃ ထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊  ၆ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း   ၁၃   ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂  ရက်)
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  လုံခြုံရေး၊  တရား ဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက် စွာ     ဆောင်ရွက်နိုင်ရန်အလို့ငှာ    ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)  နယ်မြေဖြစ်သည့်    ကယားပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-
    (က)    ဒီမော့ဆိုမြို့နယ်
    ( ခ )    ဖရူဆိုမြို့နယ်
    ( ဂ )    ရှားတောမြို့နယ်
    (ဃ)    ဘော်လခဲမြို့နယ်
၂။    ဒေသကွပ်ကဲရေးမှူးသည်   အချိန်နှင့်တစ်ပြေးညီ  ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိသော    အခြေအနေအရပ်ရပ်အပေါ်   မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန် လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင်သည်။
        အမိန့်အရ
    အောင်လင်းဒွေး
    ဒုတိယဗိုလ်ချုပ်ကြီး
    အတွင်းရေးမှူး
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ