စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များသည် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် အင်ဂျင်နီယာဆိုင်ရာနည်းပညာများကို ကြိုးစားလေ့လာပြီး စွမ်းရည်ထက်မြက်သည့်တပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားတည်ဆောက်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၄


(၇၅)နှစ်မြောက်  စိန်ရတုစစ်အင်ဂျင် နီယာတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့  နံနက်ပိုင်းတွင် နေပြည်တော်  စစ်ကြော ရေးနှင့်တည်ခိုရေးစခန်းရှိ     ဆင်ဖြူရှင် ခန်းမ၌ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။


အဆိုပါ  (၇၅) နှစ်မြောက်  စိန်ရတု စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနား သို့   နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အတူ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး     ကောင်စီဒုတိယဥက္ကဋ္ဌ     ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း)    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီး   မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)    ဒုတိယ ဗိုလ်ချုပ်ကြီး      ဇွဲဝင်းမြင့်၊      ကာကွယ် ရေးဦးစီးချုပ်  (လေ)        ဗိုလ်ချုပ်ကြီး ထွန်းအောင်၊    ကာကွယ်ရေးဦးစီးချုပ်ရုံး မှ     အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊    ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အငြိမ်းစားစစ်အင်ဂျင်နီယာတပ်ဖွဲ့ ဝင်အရာရှိကြီးများ၊     အရာရှိ၊ စစ်သည်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော် ကာကွယ်ရေး     ဦးစီးချုပ်သည် အခမ်းအနား    ကျင်းပမည့်နေရာ သို့ရောက်ရှိရာ  တာဝန်ရှိသူများ က   ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အခမ်းအနားအစီအစဉ် ပထမပိုင်းအဖြစ် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ် ကြီး မောင်မောင်အေး၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်   စစ် အင်ဂျင်နီယာတပ်ဖွဲ့   ညွှန်ကြား ရေးမှူး ဗိုလ်ချုပ် ဇော်နိုင်ဦး တို့က (၇၅)နှစ်မြောက်     စိန်ရတုစစ် အင်ဂျင်နီယာ    တပ်ဖွဲ့နေ့အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ 


စက်ခလုတ်နှိပ်ဖွင့်လှစ်


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၅)နှစ်မြောက်     စိန်ရတုစစ် အင်ဂျင်နီယာတပ်ဖွဲ့နေ့   အထိမ်း အမှတ်ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး  တက်ရောက် လာကြသူများနှင့်အတူ  စုပေါင်း မှတ်တမ်းတင်   ဓာတ်ပုံရိုက်ကြ သည်။


ဆက်လက်၍  အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ဆင်ဖြူ ရှင်ခန်းမအတွင်း၌ ကျင်းပပြုလုပ် ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများ သည်  နိုင်ငံကျော်  သရုပ်ဆောင်၊ အဆိုတော် အကယ်ဒမီရန်အောင် ဖျော်ဖြေတင်ဆက်သည့် “မောင်တို့ ချယ်ရီမြေ” တေးသီချင်းနှင့် စစ် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ သီဆို သည့် (၇၅)နှစ်မြောက်   စိန်ရတု စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ ဂုဏ်ပြု သီချင်းဖြစ်သည့်  “အင်ဂျင်နီယာ ဒို့တပ်ဖွဲ့ဝင်များ”   သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို    ကြည့်ရှု အားပေးကြသည်။


ဂုဏ်ပြုအမှာစကားပြောကြား


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ် မတော်ကာကွယ်ရေး ဦးစီးချုပ်က (၇၅)နှစ်မြောက်    စိန်ရတုစစ် အင်ဂျင်နီယာတပ်ဖွဲ့နေ့ အထိမ်း အမှတ်ဂုဏ်ပြုအမှာစကား ပြော ကြားရာတွင်  ယနေ့သည်  မြန်မာ့ တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် အချိန်ကတည်းက တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ခဲ့သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ (၇၅)နှစ်မြောက်    စိန်ရတုစစ် အင်ဂျင်နီယာတပ်ဖွဲ့နေ့    အခါ သမယပင်ဖြစ်ကြောင်း၊ စစ်အင်ဂျင် နီယာတပ်ဖွဲ့ဝင်များ   အနေဖြင့် တပ်မတော်  စတင်တည်ထောင် ချိန်မှ ယနေ့ကာလအထိ ပေးအပ် လာသည့်   ရည်မှန်းချက်တာဝန် များအပေါ်  “ရွေ့လျားနိုင်ရန် (TO MOVE)၊ တိုက်ခိုက်နိုင်ရန် (TO FIGHT)၊နေထိုင်နိုင်ရန် (TO LIVE)” ဆိုသည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ    ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ  အကောင်းဆုံး ကျေပွန်အောင် စွမ်းဆောင်ခဲ့ကြ သည်ကို အသိအမှတ်ပြုကြောင်း။
စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် တပ်မတော်နှင့်    နိုင်ငံတော်၏ စစ်ဦးစီးနှင့်   စစ်ထောက်ဆိုင်ရာ ရည်မှန်းချက်တာဝန်များကို  ပံ့ပိုး ကူညီနိုင်စေရန် ဖွဲ့စည်းထားသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုဖြစ် ကြောင်း။


 အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်း


စစ်အင်ဂျင်နီယာ    တပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါ က ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည် Madras Sapper Miners  တပ်မှ ခွဲထွက်ပြီး   Burma   Sapper Miners တပ်အဖြစ် စတင်သန္ဓေ တည်ပေါ်ပေါက်လာသည်ကို တွေ့ရှိ ရကြောင်း၊ လွတ်လပ်ရေးကြိုးပမ်း မှုကာလ   အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့သည့် မြန်မာ့တပ်မတော် တွင်လည်း    စစ်အင်ဂျင်နီယာ တပ်ဖွဲ့သည်    လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုအဖြစ်    ပါဝင်ပြီး တိုက်ခိုက်ရေးတာဝန်များနှင့် စစ် မြေပြင်အင်ဂျင်နီယာ    လုပ်ငန်း တာဝန်များကို  ထမ်းဆောင်ကာ နိုင်ငံလွတ်လပ်ရေးအတွက် နယ်ချဲ့ ကျူးကျော်သူများကို တိုက်ထုတ်ခဲ့ သည်ကိုလည်း တွေ့ရကြောင်း။


မော်ကွန်းတင်နိုင်


၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် KNDO သောင်းကျန်းသူ များက မေမြို့(ယခု ပြင်ဦးလွင်မြို့)ကို     တိုက်ခိုက်သိမ်းပိုက်ခဲ့ကြ ကြောင်း၊    အဆိုပါအချိန်တွင် ပြင်ဦးလွင်မြို့တွင်     ရှိနေသည့် လေ့ကျင့်ရေးအင်ဂျင်နီယာ တပ် ရင်းမှအရာရှိ၊  စစ်သည်များသည် ရနိုင်သမျှသော    လူအင်အား၊ လက်နက်အင်အားနှင့်  ခဲယမ်းမီး ကျောက်များစုစည်းပြီး ရဲဝံ့စွန့်စား စွာ တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် ပြင်ဦးလွင်မြို့ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း၊  အဆိုပါတိုက်ပွဲတွင် လေ့ကျင့်ရေးအင်ဂျင်နီယာ   တပ် ရင်းမှ  တပ်ကြပ်လှမောင်၏ဇနီး မချစ်ပို၏ ရဲစွမ်းသတ္တိသည် သမိုင်း တွင်  မော်ကွန်း   ရေးထိုးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊   မချစ်ပိုသည် စစ်သားဇနီးပီသစွာနှင့် အရေးကြုံ လာချိန်တွင်     အာဇာနည်သူရဲ ကောင်းစိတ်ဓာတ်နှင့် မိမိအသက် ကို မငဲ့ကွက်ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား   တိုက်ပွဲဝင်ခဲ့သူ တစ်ဦးပင်ဖြစ်ကြောင်း၊   မချစ်ပို သည်     သောင်းကျန်းသူများကို တိုက်ခိုက်ရင်း ၁၉၄၉ ခုနှစ် ဧပြီ ၈ ရက်တွင်  သောင်းကျန်းသူများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း   ခံခဲ့ရပြီး သူရဲကောင်းပီသစွာဖြင့် တိုင်းပြည် အတွက် အသက်ပေးလှူ    ခဲ့ရ ကြောင်း၊   ထိုသို့    မချစ်ပို၏သူရဲ ကောင်းပီသမှုနှင့်    ရဲစွမ်းသတ္တိ ပြည့်ဝမှုများကို ၁၉၅၀ ပြည့်နှစ် တွင် နိုင်ငံတော်က သူရဘွဲ့ပေးအပ် ပြီး အသိအမှတ်ပြုချီးမြှင့်ခဲ့ခြင်း ကြောင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် မြန်မာ နိုင်ငံ၏ပထမဆုံးသော  သူရဘွဲ့ရ အမျိုးသမီးတစ်ဦးအဖြစ်  ဂုဏ်ယူ ဖွယ်မော်ကွန်းတင်နိုင်ခဲ့ကြောင်း။


ထိုသို့   ထူးချွန်ပြောင်မြောက် စွာဖြင့် ရဲစွမ်းသတ္တိပြသနိုင်ခဲ့သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ကို ဂုဏ်ပြု သည့်အနေဖြင့်       ပြင်ဦးလွင်မြို့ ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ကို   စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ်  သတ်မှတ်ခဲ့ခြင်းလည်းဖြစ် ကြောင်း၊ ဂုဏ်ပြုမှတ်တမ်းတင် ထိုက်သည့်   တာဝန်ထမ်းဆောင် နိုင်မှု၊ တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာစောင့်သိမှု၊     တပ်ဖွဲ့၏ အစဉ်အလာကောင်း တစ်ခုအဖြစ် သာဓကတင်အောင်   စွမ်းဆောင် နိုင်မှုတို့အတွက် တပ်ဖွဲ့ဝင်အဆင့် အတန်းအားလုံးတို့၏ စံနမူနာပြ ဖြစ်စေရန် စစ်အင်ဂျင်နီယာတပ်ဖွဲ့ နေ့အဖြစ်  သတ်မှတ်ခဲ့ခြင်းသည် ယနေ့ဆိုပါက  (၇၅)နှစ်ဆိုသည့် စိန်ရတုကာလကို ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း။


ခေတ်အဆက်ဆက်    စစ် အင်ဂျင်နီယာတပ်ဖွဲ့၏စွမ်းဆောင် မှုများကို     ကြည့်မည်ဆိုပါက လွတ်လပ်ရေး   ရပြီးချိန်ကစပြီး  ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်း ရေးစစ်ဆင်ရေးများတွင်     စစ် အင်ဂျင်နီယာတပ်ဖွဲ့   အနေဖြင့် စစ်မြေပြင်အင်ဂျင်နီယာ အကူပေး တာဝန်များအပြင် ခြေလျင်တပ် များနှင့်အတူ ရဲဝံ့စွန့်စားစွာ ပါဝင် တိုက်ပွဲဝင်ခဲ့ကြကြောင်း၊     စစ် အင်ဂျင်နီယာတပ်ဖွဲ့မှ   အရာရှိ၊ စစ်သည်များသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း     နိုင်ငံတော်တည် ဆောက်ရေးအတွက် ကျရာတာဝန် များကို ကျေပွန်စွာထမ်းဆောင်ခဲ့ သကဲ့သို့   နယ်စပ်ဒေသများတွင် လည်း လမ်းဖောက်ခြင်း၊ တံတား များတည်ဆောက်ခြင်းနှင့်  တပ် မတော်အတွက်  မရှိမဖြစ်လိုအပ် သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်း   စသည့် အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်း များကို ထမ်းဆောင်ခဲ့ကြကြောင်း။


မိုင်းရှင်းလင်းရေး


စစ်အင်ဂျင်နီယာတပ်ဖွဲ့ အနေ ဖြင့်    စစ်ကျန်     မြေမြှုပ်မိုင်းများ ရှင်းလင်းရေး    လုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ မိုင်းရှင်းလင်းရေး (Hum-anitarian Demining)လုပ်ငန်း များကို   ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ အထူးမိုင်းရှင်းလင်းရေး အဖွဲ့(EOD Squad) များကို   စစ် မြေပြင်အင်ဂျင်နီယာတပ်ရင်းများတွင် ဖွဲ့စည်းထားရှိပြီး   မြို့တွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် စစ်ကျန်မကွဲဗုံးသီးများ  ဖယ်ရှား ရှင်းလင်းရေး    လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။


တပ်မတော်အနေဖြင့်  နိုင်ငံ တော်အတွင်း     သဘာဝဘေး အန္တရာယ်များ  ကျရောက်လာပါက အချိန်မဆိုင်းဘဲ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ စစ်အင်ဂျင်နီယာတပ်ဖွဲ့ အနေဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ နှင့်  ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် အင်ဂျင်နီယာ ပိုင်းဆိုင်ရာ     နည်းပညာများ၊ အတတ်ပညာများ၊ စက်၊ ယာဉ်၊ ယန္တရားများနှင့်       အင်တိုက် အားတိုက် ပါဝင်ကူညီစေလျက်ရှိ ကြောင်း။


သမိုင်းဝင်မှတ်တမ်းများ


၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဗုဒ္ဓါဘိသေက   အနေကဇာတင် ပြီးစီးခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စကျင် ကျောက်ဆစ်    ရုပ်ပွားတော်ကြီး တစ်ဆူဖြစ်လာခဲ့သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ထားကိုးကွယ်နိုင်ရေးအတွက် စစ် အင်ဂျင်နီယာတပ်ဖွဲ့က  သယ်ယူ ပင့်ဆောင်ရေးအပိုင်းတွင်   ပါဝင် ဆောင်ရွက်ခဲ့သည့်အပြင်     ဗုဒ္ဓ ဥယျာဉ်တော်ကြီးအတွင်းရှိ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်နှင့် အုပ်ချုပ်မှုအဆောက် အအုံ     စသည်များကို   တာဝန် ယူပြီး     ကုသိုလ်ပြု     ပါဝင် တည်ဆောက်ခွင့် ရရှိခဲ့ခြင်းသည် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏   သမိုင်း ဝင်မှတ်တမ်းများပင်ဖြစ်ကြောင်း။


ထိုသို့ စွမ်းစွမ်းတမံဆောင်ရွက် မှုများကြောင့် နိုင်ငံတော်ကချီးမြှင့် သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဘွဲ့ထူး ဂုဏ်ထူးဆောင်    တံဆိပ်ရရှိသူ များစွာရှိကြောင်း၊     တပ်ဖွဲ့နေ့ အဖြစ် စတင်သတ်မှတ်ခဲ့သည့်နေ့ မှ ယနေ့စိန်ရတုကာလအထိ  သူရ မချစ်ပိုအပါအဝင်    “သူရဘွဲ့” ချီးမြှင့်ခံရသူ ငါးဦး၊ “သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်” ချီးမြှင့်ခံရ သူ  ၁၃၆ ဦး၊ “တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏    သူရဲကောင်း လက်မှတ်”  ချီးမြှင့်ခံရသူ  ၅၇ ဦး၊ “တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်” ချီးမြှင့်ခံရသူ ၁၀၃ ဦးနှင့်  “တပ် မတော်    စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်လက်မှတ်” ချီးမြှင့် ခံရသူ  ၂၄ ဦးအထိ  ရှိခဲ့ကြောင်း၊ ထို့ပြင်  အင်ဂျင်နီယာပိုင်းဆိုင်ရာ တာဝန်များမှာ    ထူးချွန်စွာစီမံ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် နိုင်ငံ တော်မှ    ပေးအပ်ချီးမြှင့်သည့် “ဂုဏ်ထူးဆောင်ဘွဲ့”   ဖြစ်သည့် စည်သူဘွဲ့နှင့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသူ တစ်ဦး၊  သီရိပျံချီဘွဲ့ ချီးမြှင့်ခံရသူ တစ်ဦး၊  ဇေယျကျော် ထင်ဘွဲ့ ချီးမြှင့်ခံရသူ ရှစ်ဦး၊ သိပ္ပ ကျော်စွာ   ဘွဲ့ချီးမြှင့်ခံရသူ တစ်ဦး စုစုပေါင်း ၁၁ ဦး နှင့် “စွမ်းဆောင်မှု ဆိုင်ရာ   ဂုဏ်ထူးဆောင်တံဆိပ်” ဖြစ်သည့်    စီမံထူးချွန်တံဆိပ် (ပထမ) ဆင့် ရှစ်ဦး၊ စီမံထူးချွန် တံဆိပ်(ဒုတိယ)ဆင့် ၁၆ ဦး၊ စီမံ ထူးချွန်တံဆိပ်(တတိယ)ဆင့် ၂၃ ဦး၊ လူမှုထူးချွန်တံဆိပ်(ဒုတိယ)ဆင့် တစ်ဦး၊   လူမှုထူးချွန်တံဆိပ် (တတိယ)ဆင့် တစ်ဦး၊ စက်မှုစီးပွား ထူးချွန်တံဆိပ်   (တတိယ)  ဆင့် လေးဦး၊   နည်းပညာထူးချွန်တံဆိပ် (ဒုတိယ) ဆင့် သုံးဦး၊ နည်းပညာ ထူးချွန်တံဆိပ်  (တတိယ) ဆင့် ခုနစ်ဦး  စုစုပေါင်း   ၆၃   ဦးအထိ ထိုက်တန်စွာ ရရှိခဲ့ကြခြင်းကြောင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း။


နိုင်ငံတကာအဆင့်မီ


မြန်မာ့လွတ်လပ်ရေး ကြိုးပမ်း မှုကာလကတည်းက   တပ်မတော် ၏ လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခု အဖြစ်ပါဝင်ခဲ့သည့်   စစ်အင်ဂျင် နီယာတပ်ဖွဲ့သည်  ယနေ့ဆိုပါက နိုင်ငံတကာအဆင့်မီသည့်    စစ် လက်ရုံးဝန်ထမ်း   တပ်ဖွဲ့တစ်ခု အဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည် နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် စစ် အင်ဂျင်နီယာ      တပ်ဖွဲ့အတွင်း ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များသည် နိုင်ငံ တော်နှင့်တပ်မတော်က ပေးအပ် လာသည့်    တာဝန်များအပေါ် ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့ကြ သည်ကိုလည်း (၇၅)နှစ်တာခရီး တွင် အကြိမ်ကြိမ်သက်သေပြခဲ့ ကြပြီးဖြစ်ကြောင်း၊    ထို့ကြောင့် စစ်အင်ဂျင်နီယာ   တပ်ဖွဲ့ဝင်များ အနေဖြင့်    အဆိုပါအစဉ်အလာ ကောင်းများကို   လက်ဆင့်ကမ်း တာဝန်ယူ  ထိန်းသိမ်းသွားကြပြီး အနာဂတ်မျိုးဆက်သစ်စစ်အင်ဂျင် နီယာတပ်ဖွဲ့ဝင်များကို အဖိုးတန် အမွေအဖြစ်    လက်ဆင့်ကမ်း ပေးအပ်သွားကြရမည်ဖြစ်ကြောင်း၊ စစ်အင်ဂျင်နီယာ     တပ်ဖွဲ့ဝင်များ အနေဖြင့် ချမှတ်ထားသည့်ကြွေး ကြော်သံများ၊    ဆောင်ပုဒ်များ အတိုင်း    ကျရာတာဝန်များကို ကျေပွန်အောင်  ဆက်လက်ထမ်း ဆောင်သွားကြရန် လိုကြောင်း။


စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များသည်ခေတ်နှင့်အညီ ပြောင်းလဲ တိုးတက်နေသည့် အင်ဂျင်နီယာ ဆိုင်ရာနည်းပညာများကို ကြိုးစား လေ့လာပြီး  စွမ်းရည်ထက်မြက် သည့်   တပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားတည်ဆောက်    ကြရန် မှာကြားရင်း   (၇၅)   နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့ နေ့မှသည် နောင်လာမည့်ရတု များစွာတိုင်အောင် “အင်ဂျင်နီယာ စွမ်းရည်ထက် အောင်နိုင်တိုက်ပွဲ ဆက်” ဆိုသည့်အတိုင်း နိုင်ငံတော် နှင့်တပ်မတော်က      အားကိုး အားထားပြုရသည့်    လက်ရုံး ဝန်ထမ်း     တပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်   ရပ်တည်နိုင်ပါစေ ကြောင်း    ဆုမွန်ကောင်းတောင်း ကြောင်း ပြောကြားသည်။


ဖျော်ဖြေတင်ဆက်


ယင်းနောက် စစ်အင်ဂျင်နီယာ တပ်ဖွဲ့ညွှန်ကြားရေးမှူးက တပ်ဖွဲ့ သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်း တင်ပြပြီး  (၇၅)နှစ်မြောက်  စိန် ရတု  စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အထိမ်းအမှတ်မှတ်တမ်း Docu-mentary Video ကို ပြသသည်။ ဆက်လက်၍   (၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာ တပ်ဖွဲ့ နေ့ဂုဏ်ပြုသီချင်းဖြစ်သည့် “သမိုင်း တွင်သော စစ်အင်ဂျင်နီယာ” တေး သီချင်းကို စစ်အင်ဂျင်နီယာတပ်ဖွဲ့ ဝင်များက   ဖျော်ဖြေတင်ဆက် သည်။ 


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ် မတော်ကာကွယ်ရေး    ဦးစီးချုပ် ထံသို့      စစ်အင်ဂျင်နီယာတပ်ဖွဲ့ ညွှန်ကြားရေးမှူးက  (၇၅) နှစ် မြောက်စိန်ရတု စစ်အင်ဂျင်နီယာ တပ်ဖွဲ့နေ့       အထိမ်းအမှတ် လက်ဆောင်ကို နေရာအရောက် ဂါရဝပြုပေးအပ်သည်။


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ် မတော်ကာကွယ်ရေး  ဦးစီးချုပ် သည် တက်ရောက်လာကြသည့် အငြိမ်းစားစစ်အင်ဂျင်နီယာတပ်ဖွဲ့ ဝင်အရာရှိကြီးများအား ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။


လှည့်လည်ကြည့်ရှု


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ် မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသူများနှင့်အတူ (၇၅)နှစ် မြောက် စိန်ရတုစစ်အင်ဂျင်နီယာ တပ်ဖွဲ့နေ့    အထိမ်းအမှတ်ပြခန်း များအတွင်း   လှည့်လည်ကြည့်ရှု လေ့လာကြသည်။


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ် မတော်ကာကွယ်ရေး  ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇၅)နှစ်မြောက် စိန်ရတု   စစ်အင်ဂျင်နီယာတပ်ဖွဲ့ နေ့အထိမ်းအမှတ်အဖြစ် တည်ခင်း ဧည့်ခံသည့်ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်