CB BANK ဓားပြတိုက်ခံရမှုတွင် တရားခံများအား စွန့်စွန့်စားစားဖမ်းဆီးခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြု

 

ဘားအံ   ဇွန်   ၈


ကရင်ပြည်နယ်      ဘားအံမြို့ရှိ CB ဘဏ်ခွဲ(၂)ကို     ဓားပြတိုက်မှု ကျူးလွန်ခဲ့သော   PDF  အမည်ခံ အကြမ်းဖက်     သမားများအား အချိန်တို      နာရီပိုင်းအတွင်း စွန့်စွန့်စားစား     ဖမ်းဆီးခဲ့သော လုံခြုံရေး     တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေ      ပေးအပ်သည့် အခမ်းအနားကို ဇွန် ၈ ရက် နံနက် ၁၀  နာရီခန့်က   ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး      အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။

 


အခမ်းအနားတွင်          ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦးက    လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍       နာရီပိုင်းအတွင်း တရားခံများကို    စွန့်စွန့်စားစား ဖမ်းဆီးနိုင်ခဲ့သည့်အပြင်   ၎င်းတို့  လုယက်      ယူဆောင်သွားသော ဘဏ်ငွေများ ပြန်လည်ရရှိခဲ့သည့် အတွက်   ကရင်ပြည်နယ်အစိုးရ အဖွဲ့နှင့် CB BANK တို့က ဂုဏ်ပြု ခြင်းဖြစ်ကြောင်း၊ သတင်းလက်ဦး မှုရရှိပြီး ပိတ်ဆို့တားဆီးချိတ်ဆက် ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုအားကောင်း၍   ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး   ကရင် ပြည်နယ်၏   လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အမြဲတမ်းအသင့် ဖြစ်နေစေရန်   ကြိုတင်ပြင်ဆင် ထားကြရန်လိုကြောင်း ပြောကြားသည်။

 


ထို့နောက်          ပြည်နယ် ဝန်ကြီးချုပ်       ဦးစောမြင့်ဦး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ခင်ဇော်နှင့် CB BANK မှ တာဝန်ရှိသူတစ်ဦးတို့က တရားခံများအား စွန့်စွန့်စားစား ပူးပေါင်း     ဖမ်းဆီးခဲ့ကြသည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ကရင်ပြည်နယ်နယ်ခြားစောင့် တပ်ဖွဲ့တို့အား  ဂုဏ်ပြုဆုငွေကျပ် ၁၇၂  သိန်း  ပေးအပ်  ချီးမြှင့်ကြသည်။

 


ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များကိုယ်စား    ဘားအံခရိုင် ရဲတပ်ဖွဲ့မှူးနှင့်   CB  BANK  မှ တာဝန်ရှိသူတစ်ဦးတို့က ကျေးဇူး တင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား        ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်   အစိုးရ အဖွဲ့ဝင်များက လုံခြုံရေးတပ်ဖွဲ့ ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ    ပြောကြား  ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)