စားသုံးသူတို့ထံလက်ဝယ်အရောက် စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးနေ

 

ရန်ကုန်    ဩဂုတ်   ၁၆


ရန်ကုန်တိုင်း  ဒေသကြီးအတွင်း ရှိ   မြို့နယ်များတွင်  ပြည်သူများ ဈေးနှုန်းသက်သာစွာ စားအုန်းဆီ ဝယ်ယူစားသုံးနိုင်ရန် ယာဉ်တစ်စီး လျှင်    ဆီခြောက်ပီပါ  တင်ဆောင် ၍    တစ်ရက်လျှင် ယာဉ်အစီးရေ ၆၅ စီးကျော်ဖြင့်  စားသုံးသူတို့ထံ      လက်ဝယ်အရောက်    ဈေးနှုန်း သက်သာစွာ    ဖြန့်ဖြူးပေးနေ ကြောင်း  မြန်မာနိုင်ငံဆီကုန်သည် နှင့်    ဆီလုပ်ငန်းရှင်များအသင်းမှ  သိရသည်။

 


ဇူလိုင်    ၁၇    ရက်မှစ၍ မြို့နယ်ပေါင်း  ၃၀  ကျော်အား ယာဉ်တစ်စီးလျှင် ပိဿာချိန် ၁၁၀ သော     ဆီပီပါ    ခြောက်ပီပါ တင်ဆောင်ထားသည့်   ယာဉ်များ ဖြင့်  စားအုန်းဆီ  တစ်ပိဿာလျှင် ငွေကျပ်   ၃၄၀၀  ဖြင့်   ရောင်းချ ပြီး     ဩဂုတ်တတိယပတ်တွင်  စားအုန်းဆီတစ်ပိဿာ    ငွေကျပ် ၄၁၄၀ ဖြင့်    ရောင်းချပေးလျက် ရှိသည်။

 


“ပြည်တွင်း ထုတ်လုပ်မှုနည်း နေချိန်မှာ    စားသုံးသူလက်ဝယ် တိုက်ရိုက်     ရောက်ရှိစေချင်တဲ့ အတွက်    ရန်ကုန်တိုင်းဒေသကြီး သာမက ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာလည်း ရောင်းချ ပေးနေပါတယ်။ အခုလို စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၃၇၀၀၊ ၄၁၄၀ နဲ့  ရောင်းချပေးမှုအပေါ်  အိမ်ရှင် မတွေလည်း     ကျေနပ်ကြတာ ကြောင့်     ကျွန်တော်တို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ မြို့နယ် ပေါင်း ၃၀ ကျော်   ရောင်းချခဲ့ပြီး ဆက်ပြီးလည်း  ဖြန့်ချိရောင်းချပေး နေပါတယ်။      ကားတစ်စီးကို ခြောက်ပီပါနှုန်းနဲ့ တစ်ရက်ကား အစီးရေ ၆၅ စီးကျော် ထွက်နေ ပါတယ်။ နောက်ပိုင်း သက်ဆိုင်ရာ နဲ့ညှိနှိုင်းပြီး ဆီအရောင်းဆိုင်တွေ ဖွင့်ဖို့    စီစဉ်နေပါတယ်”    ဟု မြန်မာနိုင်ငံ  ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်း    ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။     

 


ရန်ကုန်တိုင်း      ဒေသကြီး အတွင်းရှိ       မြို့နယ်များတွင် စားအုန်းဆီ     တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ မှ ၉၆၀၀ အထိ ရောင်းချလျက်ရှိပြီး   မြန်မာနိုင်ငံ  ဆီကုန်သည်နှင့်        ဆီလုပ်ငန်းရှင် များအသင်းမှ    ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ        မြို့နယ်များ အား  တစ်ပတ်တစ်ကြိမ်  ဈေးနှုန်း အနည်းငယ်       ပြောင်းလဲမှုဖြင့် စားသုံးသူများ အဆင်ပြေချောမွေ့ စေရန်    တစ်ဦးလျှင်   စားအုန်းဆီ ၅၀  ကျပ်သားမှ   တစ်ပိဿာအထိ ရောင်းချပေးလျက်ရှိသည်။

 


ပြည်တွင်း       စားသုံးမှုကို ဖြည့်ဆည်းနိုင်ရန်       ပြည်ပမှ စားအုန်းဆီကို    တင်သွင်းလျက် ရှိပြီး ရန်ကုန်မြို့သို့ ဇူလိုင်လက စားအုန်းဆီတန်ချိန်   ၄၀၀၀၀ ခန့်ဝင်ရောက်ခဲ့သည်။ ရန်ကုန်မြို့ နေ      ပြည်သူတစ်ဦးအနေဖြင့် တစ်ရက်လျှင်   ဆီ နှစ်ကျပ်သား စားသုံးမှုဖြင့်    လည်းကောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်လလျှင် တန်ချိန် ၅၀၀၀၀ မှ ၆၀၀၀၀  အထိ  စားသုံးမှုဖြင့် တိုင်းတာ၍  ပြည်ပမှစားအုန်းဆီ ကို တင်သွင်းကြောင်း၊ ယခုနှစ်တွင် ပြည်တွင်း၌  နေကြာနှင့်ဆီထွက် သီးနှံများ     တိုးချဲ့စိုက်ပျိုးခဲ့ရာ   ပြည်ပမှ   စားအုန်းဆီတင်သွင်းမှု ကို     လျှော့ချကာ   ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုကို    တိုးမြှင့် စိုက်ပျိုးမှုဖြင့်        ပြည်တွင်း၌ စားသုံးဆီဈေးနှုန်း     မြင့်တက်မှု လျော့ကျသွားမည်     ဖြစ်ကြောင်း၊     မြန်မာနိုင်ငံ         ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း  အနေ ဖြင့် စားသုံးသူများဈေးနှုန်းသက်သာ စွာ ဝယ်ယူစားသုံးနိုင်ရန်  ရောင်းချ ပေးလျက်ရှိပြီး      ဆက်လက်၍     လက်ကားဒိုင်များ၊ စက်မှုလုပ်ငန်း များနှင့်       စားသောက်ကုန်     လုပ်ငန်းများ   တိုက်ရိုက်ဝယ်ယူ နိုင်ရန်  ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း  သိရသည်။            

      
ဓာတ်ပုံ - ကနူး                                                                                                    
  ညိမ်းသူ (သတင်းစဉ်)