
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အသားလုံး၊ အသားချောင်းအမျိုးမျိုးတို့ကို ဈေးကွက် အတွင်းမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အသားလုံး၊ အသားချောင်းများတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ် ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားကြောင်း တွေ့ရှိရသည်။ ၎င်းအစားအသောက်များကို စားသုံးမိပါက ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် လတ်တလောတွင် မျက်လုံး နှင့် အရေပြားယားယံခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းတို့ ခံစားရနိုင်သည့် အပြင် ရေရှည်တွင် အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသဖြင့် ယခုဖော်ပြထားသော အစားအသောက်များကို စားသုံးခြင်းမပြုရန် အသိပေးအပ် ပါသည်။
အစားအသောက်ထုတ်လုပ်သူများသည် အစားအသောက်များတွင် သုံးစွဲရန် ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်၊ ဖြန့်ဖြူးရောင်းချသူများသည် ဖော်ပြပါ အစားအသောက်များကို ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေ ပုဒ်မ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန