
ဇေယျာသီရိ ဩဂုတ် ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဆီကုန်သည်အသင်းဝင်များဖြင့် ပူးပေါင်း၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
အဆိုပါရောင်းချမှုတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောမာလာနွယ်၊ ပျဉ်းမနားမြို့ အာဟာရသုခဈေးမှ ဆီကုန်သည်အသင်းဝင် ဦးပြည့်ဖြိုးအောင် (ကိုပြည့်ဖြိုးအောင် + မနန်းနေခြည်ဦး)ဆီပွဲရုံမှ ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက်သို့ သွားရောက်၍ ပြည်သူများအား မီးဖိုချောင်သုံး ဆီဈေးနှုန်းသက်သာစွာဖြင့် စားသုံးသူလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိရာ စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်း၊ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဆီပိဿာချိန် ၆၆၀ ရောင်းချပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)