စားသောက်ကုန်နှင့် စက်မှုအခြေခံသုံး သွင်းကုန်ပစ္စည်းများဖြစ်သည့် ပလတ်စတစ်ကော်စေ့၊ သံ/သံမဏိ၊ စက္ကူနှင့် ဓာတုပစ္စည်းများ တင်သွင်းသူများ ၊ အသုံးပြုသည့်စက်မှုလုပ်ငန်းရှင်များသို့ အသိပေးနှိုးဆော်ချက်

 

နေပြည်တော် ၊  ၂၀၂၂  ခုနှစ် ၊  မတ်လ  (၃၁)  ရက်


စားသောက်ကုန်နှင့် စက်မှုအခြေခံသုံးသွင်းကုန်ပစ္စည်းများဖြစ်သည့် ပလတ်စတစ်ကော်စေ့၊ သံ/ သံမဏိ၊ စက္ကူနှင့်ဓာတုပစ္စည်းများကိုတင်သွင်းသူများ၊ အသုံးပြုသည့် စက်မှုလုပ်ငန်းရှင်များအနေဖြင့်  အဆိုပါ ကုန်ပစ္စည်းများတင်သွင်းမှုနှင့် ဝယ်ယူအသုံးပြုမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန်ရည်ရွယ်၍ သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးနိုင်ရေးအတွက် ရန်ကုန်မြို့ရှိ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် မန္တလေးမြို့ရှိ  မန္တလေးတိုင်းဒေသကြီး  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့ထံသို့ (၁-၄-၂၀၂၂)ရက်နေ့မှ(၈-၄-၂၀၂၂)ရက်နေ့အထိ စာရင်းပေးသွင်းဆောင်ရွက်နိုင်ရေး  အသိပေးနှိုးဆော်အပ်ပါသည်။

 


ဆက်သွယ်စာရင်းပေးသွင်းရန် ဖုန်းနံပါတ်များ


*    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)
        ဆက်သွယ်ရန်ဖုန်း - ၀၉၇၇၆၉၉၉၉၄၀

*     မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)
    ဆက်သွယ်ရန်ဖုန်း - ၀၉၇၆၇၃၃၃၇၁၀၊ ၀၉၇၉၉၄၆၂၁၉၆    
        

ကုန်သွယ်ရေးဦးစီးဌာန