စာရင်းစစ်မှူးများသည် စစ်ဆေးရေးအဖွဲ့ကို ဦးဆောင်ရသူများဖြစ်၍ စစ်ဆေးရေးလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်

 

နေပြည်တော်    ဩဂုတ်    ၉


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး     နေပြည်တော် သင်တန်းကျောင်းတွင်  ဖွင့်လှစ်သည့်  စာရင်းစစ်မှူး များ  လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး   မွမ်းမံ သင်တန်း အမှတ်စဉ်-၃၇ သင်တန်းဆင်းပွဲအခမ်း အနားကိုယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး      စုပေါင်းခန်းမ၌ ကျင်းပသည်။

 


မှန်ကန်စွာ ဦးဆောင်လမ်းပြ


သင်တန်းဆင်းပွဲတွင်     ပြည်ထောင်စုစာရင်း စစ်ချုပ် ဒေါက်တာကံဇော် က စာရင်းစစ်မှူးများသည် စစ်ဆေးရေးအဖွဲ့ကို      ဦးဆောင်ရသူများဖြစ်၍ စစ်ဆေးရေးလုပ်ငန်းများကို      ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊  စစ်ဆေးရေးလုပ်ငန်းများကို  အရည် အသွေးပြည့်ဝစွာ      ဆောင်ရွက်နိုင်ရန်အတွက် တည်ဆဲ ဘဏ္ဍာရေးစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်း များ၊ အမိန့်၊ ညွှန်ကြားချက်များ၊ နိုင်ငံတကာစာရင်း စံများနှင့်အညီ ဆောင်ရွက်နိုင်ရန်သာမက နိုင်ငံတော် မှ ချမှတ်ထားသည့် မူဝါဒများ၊ ဌာနအဖွဲ့အစည်းများ ၏   သဘောသာဘာဝများနှင့်   နည်းပညာဆိုင်ရာ ပြောင်းလဲတိုးတက်မှုများကိုလည်း နားလည်သိရှိ လိုက်ပါဆောင်ရွက်နိုင်ရန်       လိုအပ်ပါကြောင်း၊ စစ်ဆေးရေးရည်မှန်းချက်များ ရရှိစေရန်အတွက် စစ်ဆေးရမည့်ဌာန၊    အဖွဲ့အစည်းများနှင့်    အပြန် အလှန်လေးစားမှုဖြင့် ဆက်သွယ် ဆောင်ရွက်တတ် ရန်နှင့် စာရင်းစစ်အဖွဲ့ကို မှန်ကန်စွာ ဦးဆောင်လမ်းပြ နိုင်ရန်      လိုအပ်ပါကြောင်း၊     ယခုသင်တန်းတွင် စွမ်းဆောင်ရည်မြှင့်တင်သည့် နည်းလမ်းတစ်ခုအဖြစ် စစ်ဆေးရေး လုပ်ငန်းစဉ်များကို  Role Play ပုံစံဖြင့် လက်တွေ့လုပ်ဆောင်မှု ထည့်သွင်းဆောင်ရွက်စေ ခဲ့ကြောင်း။

 


စဉ်ဆက်မပြတ်လေ့လာ


သင်တန်းသားများသည် သင်တန်းမှ သင်ကြား ပို့ချမှုများဖြင့်   ရပ်တန့်မနေဘဲ   ပညာရပ်ဆိုင်ရာ အသိပညာဗဟုသုတများ ပြည့်ဝစေရန် ကိုယ်တိုင် လေ့လာသင်ယူမှုများဖြင့် စဉ်ဆက်မပြတ်လေ့လာ သင်ယူ၍ နိုင်ငံတော်အပေါ်သစ္စာစောင့်သိပြီး မိမိ၏ ဌာနတာဝန်၊    နိုင်ငံ့တာဝန်များကို    ကျေပွန်စွာ ထမ်းဆောင်နိုင်သည့်       ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း မှာကြား သည်။

 


ဖွင့်လှစ်သင်ကြား 


အဆိုပါ သင်တန်းကို  စာသင်ခန်းတက်ရောက် (Face To Face) ဖြင့် သုံးပတ်ကြာ ဖွင့်လှစ်သင်ကြား ခဲ့ပြီး ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ် ရုံးများနှင့်      ပြည်ထောင်စုနယ်မြေ    အပါအဝင် သင်တန်းသား ၁၀၇ ဦး တက်ရောက်ပြီးမြောက်ခဲ့ ကြောင်း သိရသည်။                               


သတင်းစဉ်