စာဖတ်နာသည့် နိုင်ငံသားများကြောင့် အမြင့်သို့တက်နေသည့် နိုင်ငံတော်ဘဝသို့ …

Type
4

 

ဒေါက်တာမောင်သင်း
 

ကိုယ့်ကိုယ်ကိုယ် တစ်သက်လုံးလူမွေးလူတောင်မပြောင်အောင် ဒဏ်ခတ်သည့်လူတွေ ကမ္ဘာပေါ်မှာ ဒုနှင့်ဒေး ရှိနေကြပါသည်။ သူတို့ကတော့ “စာလုံးဝ မဖတ်သည့် သူတွေပါ”
အီသီယိုပီးယားလူမျိုးများ၏ ဆုံးမစကား
အညွန့်တလူလူတက်နေသည့် 
သတ္တဝါမို့ “လူ”
“တွေးခေါ်ဉာဏ်ရှိသော        ခြေနှစ် ချောင်းသတ္တဝါ”  တဲ့။ လူ၏ အဓိပ္ပာယ်ကို မြန်မာစာအဖွဲ့ ဦးစီးဌာနမှ  ထုတ်ဝေသည့် “မြန်မာအဘိဓာန်”  တွင်  အဓိပ္ပာယ်ဖွင့်ဆို ထားခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့် “လူ” ဟု   “ခေါ်ဝေါ်ခြင်း”  “အမည်ပေးရ ခြင်း” ဆိုသည်ကိုလည်း လိုက် ရှာကြည့်မိ ပါသည်။ လူသား၏ အမြင့်ဆုံးနေရာမှာ “ငယ်ထိပ်” ဖြစ်ပါသည်။ သတ္တဝါတိုင်း တွင်လည်း  ထိပ်ဆုံးအဖျားနေရာသည် ငယ်ထိပ်ဖြစ်ပါသည်။ လူတွင်   အဆိုပါ ထိပ်ဖျားငယ်ထိပ်သည်    ကောင်းကင် အမြင့်ဘက်သို့  ဦးတည်နေပါသည်။ 
တိရစ္ဆာန်များ၏    ထိပ်ဖျားငယ်ထိပ် သည် ကောင်းကင်အမြင့်ဆီသို့ ဦးတည် မနေပါ။ ဘေးဘက်ဆီသို့သာ ဦးတည်နေ ပါသည်။   ကောင်းကင်ကို    ကျောပေး၍ ရင်ဘတ်သည် မြေပြင် နှင့် အပြိုင်ဖြစ်နေ ကြသည်။   သက်ရှိတိုင်း၏   ဦးနှောက် ဦးတည်ချက်မှာ လူသားသည် ကောင်းကင် အမြင့်ဆီသို့ ဦးတည်နေ၍ အခြားသက်ရှိ များ (ခွေး၊  နွား၊  ဆင်၊  မြင်း၊  ကြွက်၊ ကြောင်) တို့သည်     ဘေးဘက်ဆီသို့သာ ဦးတည်နေပေသည်။    ဤတွင်    သက်ရှိ သစ်ပင်၏                ထိပ်ဖျားအညွန့်သည် အမြဲတမ်း ကောင်းကင်ဆီသို့သာ ဦးတည် တက်လှမ်းနေပေသည်။ ရုက္ခဗေဒပညာ ရပ်တွင်           ဂန္ထဝင်စမ်းသပ်ချက်တစ်ခု ပြုလုပ်ဖူးသည်။ 
အပင်စိုက်ထားသည့်    ပန်းအိုးကို ပြောင်းပြန်ချိတ်ဆွဲထားခြင်းပါ။ ထိုအခါ အပင်၏   အညွန့်သည်    မြေပြင်သို့ ထိုးဆင်းမသွားဘဲ  ကွေး၍   ကောင်းကင် ဘက်ဆီသို့သာ ဦးတည်ပြန် လှည့်တက် သွားကြောင်း အကြိမ်ကြိမ် စမ်းသပ်မှုများ က သက်သေပြနိုင်ခဲ့သည်။ မြေပြင်ပေါ်ရှိ သစ်ပင်များ၏  အညွန့်များသည်လည်း အမြင့်ဘက်၊ ကောင်းကင်ဘက်သို့သာ ဆက်၍ ဦးတည်ရှည်တက် သွားကြသည်။ ဤသည်ကို “အညွန့်တလူလူတက်သည်” ဟု   မြန်မာ့လူ့အဖွဲ့အစည်းက  ခေါ်ဆို သုံးနှုန်းကြသည်။ 
အမြဲတမ်း အောင်မြင်နေသည့်သူကို “အောင်လံတလူလူ  လွှင့်ထူနေသူ” ဟု သုံးစွဲနေကြသည်။       အပင်များကဲ့သို့ လူသား၏ထိပ်ဖျားဖြစ်သည့် “ငယ်ထိပ်” ကလည်း  ကောင်းကင်အမြင့်ဆီသို့သာ ဦးတည်နေသဖြင့်   အညွန့်တလူလူတက် နေသည့် သတ္တဝါဖြစ်သောကြောင့် “လူ” ဟု အမည်ပေးခဲ့၊ ခေါ်ဝေါ်ခဲ့ဟန်   ဖြစ်ပေ လိမ့်မည်။ လူ့သမိုင်းကလည်း နိမ့်ကျသွား ခြင်းမရှိဘဲ အမြင့်ဆီသို့သာ ဆက်လက် တက်လှမ်းနေသဖြင့်     မြန်မာ့လူ့အဖွဲ့ အစည်းက    အမြင့်တလူလူတက်နေ၍ “လူ” ဟု ခေါ်ဝေါ်ခဲ့ခြင်းမှာ လွန်စွာမှန်ကန် သည်ဟု ဆိုနိုင်နေပေသည်။
စာပေကိုထွင်နိုင်ကာ စာဖတ်တတ်၍သာ 
အညွန့်တလူလူသက်ရှိဖြစ်လာတာပါ
လူသမိုင်းအစမှ ယနေ့အထိ၊ ကျောက် ခေတ်၊ ကြေးခေတ်၊ သံခေတ်ဟူ၍ လူသား တို့ ဖြတ်သန်းလာခဲ့မှုကို မှတ်တမ်းများ ထားရှိခဲ့ကြသည်။    လယ်ယာခေတ်မှ စက်မှုခေတ်ဆီသို့   ပြောင်းလဲတိုးတက် လာသည်။ ယနေ့ဆိုလျှင်  အိုင်တီမှသည် ဉာဏ်ရည်တု (အေအိုင်-AI) ခေတ်ဆီသို့ ရောက်ရှိနေပါပြီ။ ထိုသို့ လူ့အဖွဲ့အစည်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာရခြင်းမှာ လူသားတွင် “မြင်တွေ့ထိခံစားချက်များ” ကို   ပြန်လည်ပုံဖော်နိုင်သည့်    စွမ်းရည် ကြောင့်ဟု    ဆိုရပေမည်။   ယင်းသည် ယနေ့ကျောင်းများတွင် လေ့ကျင့်ပေးနေ သည့်   “ခံစားမှုနှင့်   အမြင်ကို    ပြန်လည် ပုံဖော်နိုင်မှု ဉာဏ်စွမ်းရည်” (Aesthetic Skill) ပင်ဖြစ်ပါသည်။    လူသားသမိုင်းကို လေ့လာလျှင်   တွေ့မြင်မှတ်သားမှု သဏ္ဌာန်ကို ပထမတွင်   ဂူနံရံ၌  အရုပ် အဖြစ် ရေးဆွဲကြ၏။ 
ပြီးနောက် အရုပ်မှတစ်ဆင့် “စာပေ” သို့ ကူးပြောင်းအဆင့်မြင့်လာ၏။ စာပေ ဟူသည်    အမှတ်အသားဖြင့်   တစ်ဦးမှ တစ်ဦး သို့ ပြောပြ၊ ရှင်းပြသည့် “အမှတ် အသားပြုစကားလုံး”  တစ်နည်းအားဖြင့် “အသံမထွက်သည့်     စကားလုံးများ” (Symbolic Language) တစ်မျိုး ဖြစ်ပါ သည်။ စာပေကြောင့်၊  ဆိုးမှု၊  ကောင်းမှု၊ အောင်မြင်မှု၊ ကျဆုံးမှု၊ ဆောင်ရန်၊ ရှောင် ရန်တို့ကို နောက်မျိုးဆက်သို့ သင်ခန်းစာ ယူနိုင်ရန်         မှတ်တမ်းထားနိုင်ခဲ့သည်။ လက်ဆင့်ကမ်းထားခဲ့ကြသည်။  အဆိုပါ မှတ်တမ်းများကို    နောက်မျိုးဆက်က ဖော်ထုတ်နိုင်၊            ဖတ်နိုင်ခဲ့ကြသည်။ သို့အတွက် အရင်မျိုးဆက်များ၏ လူ့အဖွဲ့ အစည်းပျက်သုဉ်းစေမည့်     အမှားကို ဖယ်နိုင်၏။   လူ့အဖွဲ့အစည်း    အေးချမ်း သာယာဖွံ့ဖြိုးစေမည့်    ကောင်းခြင်း၊ အောင်မြင်ခြင်းများကို သာယူ၍ ပိုကောင်း အောင်   လုပ်နိုင်ခဲ့ကြခြင်းဖြစ်ပေသည်။ ဤသို့ဖြင့်  လူ့အဖွဲ့အစည်းသည် သက်ရှိ လောကတွင် အောင်လံတလူလူ လွှင့်ထူသူ ဖြစ်လာခဲ့၏။      သက်ရှိလောကတွင် တုမနှိုင်းနိုင်သည့်   သက်ရှိဖြစ်လာပေ သည်။ ဤသည်မှာ  စာပေကို တီထွင်နိုင် ခြင်းနှင့်    စာဖတ်တတ်ခြင်း၏    အကျိုး ကျေးဇူးပင်ဖြစ်ပါသည်။ တိရစ္ဆာန်နှင့် လူ့ လောကကို ထင်ထင်ရှားရှား စည်းခြားနိုင် ခဲ့သည်။
အသက် နှစ်သက်ဖြင့် အသက်ရှင်နိုင်မှလူ
ကျွန်တော်သည်   “စာကြည့်တိုက် ဖွံ့ဖြိုးရေးနှင့်  စာဖတ်ရှိန်မြှင့်တင်ရေး” ဟောပြောပွဲ တစ်ခုတွင် ဟောပြောခဲ့သည် ကို ပြန်လည်တင်ပြပါရစေ။ ဟောပြောပွဲ သို့  ကြွရောက်လာသည့်   ကျောင်းသူ ကျောင်းသားများကို    “လူနှင့်တိရစ္ဆာန် ဘာကွာလဲ” ဟုမေးရာ “အသိဉာဏ်ကွာ လို့ပါ” ဟု ဖြေကြားကြပါသည်။ သူတို့၏ အဖြေသည် ကျောင်းမှာ၊ ပတ်ဝန်းကျင်မှာ ကြားနေရသည့်  သမားရိုးကျ အဖြေသာ ဖြစ်ပါသည်။     ဆန်းသစ်ခြင်း   ကင်း၏။ ဆန်းသစ်ခြင်း၊ သမားရိုးကျလမ်းမှ ဖယ်၍ လမ်းသစ်ထွင်ခြင်းသည် တိုးတက်မှုပင် ဖြစ်သည်။ မထွင်နိုင်ခြင်းသည် တိုးတက် မှု အားနည်းခြင်း၏ ပြယုဂ်ဖြစ်ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ          စာဖတ်ဓလေ့ အားနည်းမှုကြောင့်ဟု မြင်မိပါသည်။
ကျွန်တော်က    လူနှင့်   တိရစ္ဆာန်တို့ အဓိကကွာခြားချက်မှာ   တိရစ္ဆာန်မှာက “အသက်တစ်မျိုး” တည်းဖြင့် အသက်ရှင် တာပါ။ “စက္ကန့်မိနစ်၊ နာရီ၊ နေ့ရက်၊ လ၊ နှစ်” ဟူသည့်  “အချိန်သက်”   တစ်မျိုး တည်းဖြင့် အသက်ရှင်ကြပါသည်။ လူက အသက်   နှစ်သက်ဖြင့်   အသက်ရှင်၏။ အဆိုပါ အချိန်သက် အပြင် “ရင့်ကျက် သက်” ပါ ထပ်ပေါင်းပြီး အသက် နှစ်သက် ဖြင့်   အသက်ရှင်နိုင်မှ    လူဟု   ခေါ်ဆိုပါ သည်။ ရင့်ကျက်သက်သည် အချိန်သက် ကဲ့သို့   အလိုလိုနေရင်း   မရနိုင်ပါ။ အမြဲ မပြတ်   မိမိ၏   အရည်အသွေးတက်နေ အောင် ဖြည့်ဆည်းနေပါမှသာ ရရှိသည့် အသက်ဖြစ်ပါသည်။ 
ဖြည့်ဆည်းသက် ရှိမှု/ မရှိမှုကြောင့် လူအချင်းချင်း အနိမ့်အမြင့် ဖြစ်လာကြ သည်။ လူနှင့် တိရစ္ဆာန် အသိဉာဏ်ကွာဟ လာ၏။ ဖြည့်ဆည်းသက် မြန်မြန်ရနိုင်တဲ့ နည်းလမ်းကတော့ “စာများများ ဖတ် ခြင်း”  တစ်နည်းအားဖြင့်    “စာဖတ်နာ ခြင်း” ပင်ဖြစ်ပါသည်။ “စာပေ”  သည် ခေတ်သမိုင်း အဆက်ဆက်က လူသားတို့ ကြုံရ၊  ဆုံရ၊   တွေ့ခဲ့ရသည့် “ကောင်းမှု၊ ဆိုးမှု၊ အောင်မြင်မှု၊ ကျဆုံးမှု၊ ဆောင်ရန်၊ ရှောင်ရန်၊   ဆက်လက်လုပ်ဆောင်ရန်” စသည်တို့ကို   မှတ်တမ်းရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။  လူ့သမိုင်းဟု  ဆိုကြသည်။ တိရစ္ဆာန်တွေမှာ အဆိုပါ အတွေ့အကြုံ မှတ်တမ်းမရှိပါ။ မှတ်တမ်းလည်း မရှိ သလို၊    မှတ်တမ်းကို    ဖတ်တတ်သည့် ဖတ်နိုင်သည့်    တိရစ္ဆာန်လည်း   မရှိပါ။ မှတ်တမ်းမရှိ၍    ဆောင်ရန်၊   ရှောင်ရန်၊ လိုက်နာရန် မသိကြပေ။ တိရစ္ဆာန် မိဘ က မိမိ၏   သားသမီးကို အစာရှာရန်၊ အန္တရာယ်ကို ရှောင်ရှားရန်၊ သားသမီးကို စောင့်ရှောက်တတ်ရန်အတွက် သူ့(မိဘ ၏)  တစ်ဘဝစာ   အတွေ့အကြုံကိုသာ လက်ဆင့်ကမ်းနိုင်ကြသည်။ ထို့ထက်မပို ချေ။    မိဘမျိုးဆက်၏   အထက်က ဘိုးဘေးဘီဘင်များ၏      အတွေ့အကြုံ မှတ်တမ်းမရှိခဲ့ပေ။ 
သို့အတွက်ကြောင့်    တိရစ္ဆာန်ဘဝ မတိုးတက်ခဲ့ပေ။  လူမှာက  မှတ်တမ်းရှိ၏၊ ယင်းကို များများဖတ်နိုင်သူသည် စာပေ မှတစ်ဆင့် ခေတ်အဆက်ဆက်မှ လူ့အဖွဲ့ အစည်း (ဘိုးဘေး၊ ဘီဘင်တို့ရဲ့) ဖြတ်သန်း ခဲ့သည့် အတွေ့အကြုံတွေကို သိခွင့်ရ၏။ ဖွံ့ဖြိုးသည့်    လူ့အဖွဲ့အစည်းအတွက် မကောင်းတာက   ဘာဆိုတာကို   သိရှိ နားလည်လာသည်။         မကောင်းတာကို ပယ်၏၊ ကောင်းတာကို  ယူ၏၊   လူ့အဖွဲ့ အစည်း ကောင်းကျိုးဆက်လက်သယ်ပိုး ၏၊ အရာရာ ကို မည် သည့်အတွက်ကြောင့် ဖြစ်ပျက်သည်ဟု   ကျိုးကြောင်းဆင်ခြင် ဉာဏ်ဖြင့်   ဆုံးဖြတ်လုပ်ကိုင်လာနိုင်၏၊ နောက်ဆုံးတွင်  လူ့အဖွဲ့အစည်း အကျိုး၊ နိုင်ငံ့အကျိုးသာ သယ်ပိုးသည့် “ရင့်ကျက် သက် ပြည့်ဝသူ”  “ဉာဏ်ပညာ  အမြော် အမြင်ကြီးမားသူ” (Wise Men) အဖြစ် လေးစားခံရသူ ဖြစ်လာပါသည်။ တကယ် တော့    ရင့်ကျက်သက်သည်    စာဖတ်ရုံ ဖြည့်ဆည်းရုံ သိရုံအဆင့်မှာပင် ရပ်ထား ၍မရပေ။ အသိကို  လက်တွေ့အသုံးချနိုင် ပါမှ    ရသည့်ဘဝပါ။    စာဖတ်မှရသည့် ရင့်ကျက်သက်ဟာ စာမဖတ်လျှင် မရနိုင် ပါ။ စာဖတ်၍     ဖြည့်ဆည်းမှသာ  ရနိုင် သည့် ရင့်ကျက်သက်မရှိလျှင် တိရစ္ဆာန် နှင့်    လူသားဟာ   ဘာမှမခြားနားပါ။ စာဖတ်သူသာ  လူသားဟု ဆိုပါရစေ။ 
ဒါကြောင့်   “စာဖတ်ခြင်း”    ဖြင့် လူသားပီသသော   သက်ရှိလူသားဖြစ် အောင် ကြိုးပမ်းပေးကြပါဟု တိုက်တွန်း ချင်ပါသည်။   ဆက်လက်၍  “မောင်တို့၊ မယ်တို့  ကျောင်းမှာကျန်ခဲ့သည့် သူငယ် ချင်းတွေ၊  ရပ်ရွာထဲက  မိတ်ဆွေတွေ၊ မိဘဆွေမျိုးတွေကိုကော ရင့်ကျက်သက် မရှိတဲ့ တိရစ္ဆာန်ဘဝလို  အသက်ရှင်စေ ချင်လား”   ဟုမေးရာ   “တိရစ္ဆာန်လို အသက်မရှင် စေချင်ပါ” ဟု ဖြေကြပါ သည်။ “တိရစ္ဆာန်လို အသက်မရှင် စေချင် ရင် ဘာလုပ်ကြမလဲ” ဟု   ဆက်မေးရာ “စာဖတ်ခိုင်းပါမည်”   တဲ့။   စာဖတ်ရန် တိုက်တွန်းရပေမည်။
လူမွေးလူတောင် မပြောင်အောင် 
ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်ကြသူများ
ကျွန်တော်သည်             ကျောင်းသူ  ကျောင်းသားများကို လူဖြစ်ပြီး “ကိုယ့် ကိုယ်ကိုယ်  ဒဏ်ခတ်တဲ့လူနဲ့   မောင်တို့ မယ်တို့ဆုံဖူးလား၊            ကိုယ်တိုင်ရော ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်ဖူးလား။”   ဟု     မေးရာ    “မဆုံဖူးပါ၊      မတွေ့ဖူးပါ      ကိုယ့်ကိုယ်ကိုယ်လည်း  ဒဏ်မပေးဖူးပါ” ဟု   ဖြေကြပါသည်။
၁၉၈၅   ခုနှစ်တွင်  ကျွန်တော်နှင့် အနောက်ဂျာမနီမှာ ဂျာမန်စကားအတူ သင်ကြားခဲ့သူ အီသီယိုပီးယားနိုင်ငံသား ဓာတုဗေဒဘာသာရပ် Ph.D လာတက်သူ က စာဖတ်တာနှင့်    ပတ်သက်၍    သူတို့ ဆရာတွေ ဆုံးမခဲ့တာလေးကို  ယခုကြွ ရောက်လာကြသည့် နိုင်ငံသား လူငယ် များကို      ပြန်လည်ဖောက်သည်ချရင်း လက်ဆင့်ကမ်းပါရစေ။  သူပြောတာက “လူသား ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လူမွေး လူတောင် မပြောင်အောင် ဒဏ်ခတ်တဲ့လူ တွေ မရေတွက်နိုင်အောင် ရှိကြတယ်တဲ့၊ မင်းတို့အဲဒီလို လူစားထဲမပါစေနဲ့၊ သူတို့ ကတော့ “စာလုံးဝ  မဖတ်တဲ့သူတွေပဲ” တဲ့၊   အခြေခံပညာကျောင်းသားဘဝမှာ အီသီယိုပီးယားမှ       သူတို့ဆရာတွေက ကျောင်းသားတွေကို       ဆုံးမနေကျ စကားတဲ့။ 
ယခု ဆောင်းပါးအစမှာ ဖော်ညွှန်း ထားပါသည်။ ဟုတ်ပါသည်။ စာမဖတ် တော့ ဗဟုသုတမရှိ၊  အမှားနှင့်   အမှန်၊ အကောင်းနှင့်   အဆိုး၊   ဓမ္မနှင့် အဓမ္မ မခွဲခြားနိုင်ပေ။   သူများ   ပြောသမျှယုံ၊ “စောင့်ထိန်းရမည့်    ကျင့်ဝတ်ကိုလည်း နားမလည်” အပြုနှင့် အဖျက်ကိုပင်မသိ၊ မိတ်ကောင်းဆွေကောင်း  ဆိုတာလည်း မခွဲတတ်တော့   နောက်ဆုံးမှာ    သူ့လို အသိဉာဏ်ကန်း၊ အမြင်ကန်းလူမိုက်တွေ နှင့် ပေါင်းမိပြီး လူ့အဖွဲ့အစည်း ဖျက်ဆီး ရာမှာ   ပါဝင်သွားကြကာ  ဘဝဆုံးကြသူ တွေ ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ   ဒုနဲ့ဒေးပါ။ ယနေ့      မြန်မာ့လူငယ်တွေသည်  ကိုယ့် ကိုယ်ကိုယ် ဒဏ်ခတ်သူ၊ အပြစ်ပေးသူ မဖြစ်စေလို၍ ဤအသိကို မျှဝေပေးခြင်း ပါ။ စာဖတ်သည့်လူတွေကတော့   ရရန် ခက်ခဲသောလူ့ဘဝမှာ    မိမိကိုယ်ကို ပျိုးထောင်နိုင်ခြင်းနှင့်       မိမိ၏ဘဝ တိုးတက်စေမည့်       နည်းလမ်းကောင်း များစွာကို စာကောင်းပေမွန် ရှာဖွေဖတ်ရှု သည့်       အလေ့အကျင့်ကောင်းဖြင့် မွေ့လျော်ရင်းနောက်ဆုံးမှာ ကောင်းသ လောက် တော်ကြသူများ ဖြစ်လာပါတယ် ဟုဟောပြောပြီး -
ဒါဆိုရင် “မောင်တို့မယ်တို့  ခင်ဗျာ။  စာမဖတ်တဲ့လူဆိုတာ ကိုယ့်ကိုယ်ကိုယ် လူ့ဗာလ ဘဝရောက်အောင် ဒဏ်ခတ်ခဲ့ သူဆိုတော့   မောင်တို့မယ်တို့   လူဆိုး၊ လူမိုက်ဖြစ်ချင်လား၊ သူငယ်ချင်းတွေကို ရော တေလေကြမ်းပိုး၊ သူခိုးတွေ ဖြစ်စေ ချင်လား၊ ဆွေမျိုးတွေကော  အဲဒီလို လူညံ့ လူဖျင်း   အဖြစ်ခံနိုင်လား”   ဟု  မေးရာ “အဖြစ်မခံနိုင်ပါ”  ဟု ဖြေကြရာ “အဖြစ် မခံနိုင်ရင်   ဘာလုပ်ရမလဲ” “ကိုယ်တိုင် လည်း    စာဖတ်ကြပါမည်၊    ပြီးတော့ တခြားသူတွေကို စာဖတ်ရန်တိုက်တွန်း ကြပါမည်” ဟု ပြောကြပါသည်။
စာဖတ်တာ အမြင့်ကို ပျံသန်းချင်လို့ပါ
ကျွန်တော်သည်    ဟောပြောပွဲတွင် ပြသသွားသည့်  Video Clip ကို ညွှန်း၍ ကမ္ဘာ့သမိုင်းမှတ်တမ်းဝင်       မြန်မာ့ ခေါင်းဆောင်               တတိယမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် (ငြိမ်း) ဦးသန့်က  “စာဖတ်ခြင်းနှင့် ပတ်သက်၍ ဘာပြောသွားသလဲ မှတ်မိ လား” ဟုမေးရာ ကျောင်းသူ ကျောင်းသား များက   “စာဖတ်သော    လူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးတိုင်း စာဖတ်ကြသည်” တဲ့။   ကျွန်တော်က စာဖတ်ခြင်းနှင့်    ပတ်သက်၍    ဦးသန့် ပြောခဲ့တာ တစ်ခွန်းကို ထပ်ဖြည့်ချင်ပါ သည်။ “စာဖတ်တာအမြင့်ကို ပျံသန်းချင် လို့ပါ” တဲ့။   ဘာကြောင့်  အမြင့်ကိုတက် ချင်ရတာလဲဆိုတာ   မဖြေမီ   မေးခွန်း ဆက်မေးမိပါသည် -
အနာဂတ်ခေါင်းဆောင်လောင်းများ
ခင်ဗျာ
“မောင်တို့မယ်တို့ဟာ ကျွန်ဘဝမှာ နေချင်သလား”   “သခင်ဘဝမှာ  နေချင် သလား”   ဟုမေးရာ “သခင်ဘဝမှာသာ နေချင်ပါသည်”  ဟု    ဖြေကြပါသည်။ “ကျွန်နှင့် သခင်ဘယ်သူက အဆင့်မြင့် သလဲ” ဟု   ထပ်မေးရာ    “သခင်ကမြင့် သည်” ဟု ဖြေကြပါသည်။
မှန်ပါသည်။   မြန်မာတို့၏   ရန်ကုန် တက္ကသိုလ်ကိုစဖွင့်တာ  အင်္ဂလိပ်တို့၏  ကိုလိုနီယန္တရား  လည်ပတ်ရန် ကျွန်မွေး တာပါ။   သို့သော်   လာတက်ကြသည့် တက္ကသိုလ်ကျောင်းသားတွေဟာ  သင်ရိုး ပြင်ပက   ကမ္ဘာ့ရေးရာ   အဖြာဖြာစာအုပ် စာပေများကို    လေ့လာဖတ်ရှုကြပြီး နိုင်ငံရေး  အတွေးအမြင်  ပွင့်လင်းလာကြ ပါသည်။      လက်ရှိအခြေအနေထက် ပိုမိုမြင့်မား လိုစိတ်၊ ယခုထက်ပိုလွတ်လပ် ချင်သည့်   အမြင်တွေ  ဖြစ်ထွန်းလာကာ စားဝတ်နေရေး  ပြေလည်သည့် မြို့အုပ် ရာထူးဆိုတာ၊  အခစားပဲ   ကျွန်ပဲဆိုတာ သိပြီး ပစ်ပယ်ခဲ့ကြသည်။ 
“ကျွန်ပညာရေးနှင့်          ခေတ်ပြိုင် သခင်ပညာရေး”   ဟူသည့်  “အမျိုးသား ပညာရေး”             ပေါ်ပေါက်လာခဲ့သည်။ တက္ကသိုလ်ကျောင်းသားတွေ  အမျိုးသား ကျောင်းမှာ မလောက်မင လစာလေးဖြင့် ကျောင်းဆရာ              ဝင်လုပ်ကြသည်။ အမျိုးသားကျောင်းတွေ တစ်ပြည်လုံးမှာ ပေါ်ပေါက်လာပြီး        နိုင်ငံချစ်စိတ်၊ အမျိုးသားရေးစိတ်၊    ကိုယ်သာအရှင်၊ ကိုယ်သာသခင်ဆိုသည့်     လွတ်လပ်  လိုစိတ် စသည်တို့ကို ကျွန်မြို့အုပ်မလုပ် လိုသည့် စာဖတ်နာကြသော  တက္ကသိုလ် ကျောင်းထွက် အမျိုးသား ကျောင်းဆရာ များက နိုင်ငံအနှံ့ ဖြန့်ဝေပေးခဲ့ သင်ပေးခဲ့ ကြပါသည်။    နောက်မျိုးဆက်တွေကို “သခင်စိတ်”   “သခင်အကျင့်”    လွှမ်း အောင် လေ့ကျင့်ပေးခဲ့ပါသည်။ ထင်ရှား တဲ့အမျိုးသား ကျောင်းအုပ်ဆရာကြီးများ မှာ   ဦးသန့်၊   ဦးနု၊  သခင်မြ၊ ဦးဘဝင်း၊ ဦးရာဇတ်တို့ပဲ ဖြစ်ပါသည်။ ကျောင်းသား ထဲက   အထင်ရှားဆုံးက ရေနံချောင်း အမျိုးသားကျောင်းက မောင်အောင်ဆန်း ပဲ ဖြစ်ပါသည်။ 
သူတို့ဟာ အင်္ဂလိပ်ပေးသော နိမ့်ကျ သည့် ကျွန်ရာထူးကို မမက်ခဲ့၊ ကျွန်ဘဝ ထက် မြင့်လည်းမြင့်၊    မြတ်လည်းမြတ် သော    သခင်ဘဝ၊    လွတ်လပ်သော နိုင်ငံသားဘဝကို    မက်ခဲ့ကြခြင်းသည် အမြင့်ကိုလှမ်းခဲ့သော          သမိုင်းထဲမှ သာဓက     ဖြစ်ပါသည်။     တက္ကသိုလ် လာတက်ပြီး   ကမ္ဘာ့ရေးရာအဖြာဖြာကို မလေ့လာခဲ့၊   ပြင်ပစာတွေကို   အဲဒီခေတ် တက္ကသိုလ်ကျောင်းသားတွေ   မဖတ်ခဲ့ လျှင် ကျွန်မြို့အုပ်ဘဝဆိုသည့် နိမ့်ကျကျ ဘဝမှာသာ သူတို့ပျော်ပိုက်နေကြမှာပါ။ ဤသို့ဆိုလျှင်      နိုင်ငံ၏     လွတ်လပ်ရေး လည်း နှောင့်နှေးသွားနိုင်ပါသည်။ 
(ဆက်လက်ဖော်ပြပါမည်)