စာပေနှင့်သတင်းမီဒီယာဖွံ့ဖြိုးရေးဆိုင်ရာနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဟောပြောဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  မတ်  ၁
မြန်မာနိုင်ငံ      သတင်းမီဒီယာ ကောင်စီနှင့်   မြန်မာနိုင်ငံစာရေး ဆရာအသင်းတို့     ပူးပေါင်းပြီး စာပေနှင့်သတင်းမီဒီယာဖွံ့ဖြိုးရေးဆိုင်ရာနှင့်    ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း သိကောင်းစရာ များ  ဟောပြောဆွေးနွေးပွဲအခမ်း အနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်း    ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။ 
အခမ်းအနားသို့  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ  အလုပ် အမှုဆောင်အဖွဲ့ဝင်၊ ကောင်စီဝင် များ   မြန်မာနိုင်ငံစာရေးဆရာ အသင်း  ဗဟိုအလုပ်အမှုဆောင်  အဖွဲ့ဝင်များ ရန်ကုန်တိုင်းအတွင်း ရှိ  မြို့နယ်စာရေးဆရာအသင်းများ မှ ဥက္ကဋ္ဌ၊   အတွင်းရေးမှူးများနှင့် စာရေးဆရာအဖွဲ့ဝင်များ၊ ရန်ကုန် မြို့အခြေစိုက် တရားဝင်သတင်း မီဒီယာအသီးသီးမှသတင်းသမား များ၊  အယ်ဒီတာများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်  မြန်မာနိုင်ငံ သတင်းမီဒီယာ       ကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ    ဦးအုန်းမောင်  (မြင်းမူ မောင်နိုင်မိုး)က   စာပေလောက၊ သတင်းမီဒီယာလောကအတွက် အရေးကြီးသည့်  သစ္စာတရားနှင့် ကျင့်ဝတ်များ    အကြောင်းကို ဟောပြောပြီး သတင်းတု၊ သတင်း မှားများ ဖြန့်ချိနေသည့် သစ္စာမဲ့ သတင်းဌာနများ၏   သတင်းများ ကို   မယုံကြည်ကြရန်နှင့်    နိုင်ငံ ချစ်စိတ်၊  မျိုးချစ်စိတ်သည်   နိုင်ငံ သားတိုင်းတွင်  ရှိသင့်ရှိအပ်သည့် မွေးရာပါစိတ်ဓာတ်ဖြစ်ကြောင်း ဟောပြောသည်။ 
ဆက်လက်ပြီး     မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်း ရေးမှူး ဦးအောင်ပြည့်စုံက  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ  ၁၀ ရက်တွင် အတည်ပြုလိုက်သည့်    ပြည်သူ့ စစ်မှုထမ်းဥပဒေပါ   အကြောင်း အရာများနှင့်    ကောလာဟလ သတင်းများ၊      သတင်းတုများ အကြောင်း ဆွေးနွေးသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ကောင်စီဝင် ပါမောက္ခ ဒေါက်တာမြသိန်းဟန်က ပြည်သူ များအနေဖြင့်       တိုင်းပြည်ကို အမှန်တကယ်  ချစ်မြတ်နိုးစေရန် ဆွေးနွေးပြောကြားသည်။ 
ထို့နောက် မြန်မာနိုင်ငံစာရေး ဆရာအသင်း    အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင် ကောက်)က တက်ရောက်လာသူ များနှင့် ဟောပြောဆွေးနွေးခဲ့ကြ သူများအား  ကျေးဇူးတင်​ကြောင်း ​ပြောကြားသည်။       သတင်းစဉ်