စာပေဗိမာန်စာမူဆုရ  စာအုပ်ဖြန့်ချိရောင်းချ

 

 

နေပြည်တော် ဧပြီ  ၁၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်  ထုတ်ဝေရေးဦးစီးဌာန၊  စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊  ကဗျာပေါင်းချုပ်  ပထမဆုရရှိ သည့် စာရေးဆရာမယဉ်ယဉ် (မင်းကန်) ၏ “မနွမ်းပန်းခင်းကဗျာ များ”  စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် စိတ်နှင်ရာ၊ အချိုးမညီပြဿနာ၊ တောစံပယ်၊ ပိတောက်ချစ်သူ၊ လောကမွန်၏ ဗိသုကာ၊ စိန်ပန်းဇာနည်၊ ရတနာ မွေးနေ့၊ အသစ်သို့၊  ပင်လုံသစ္စာစသည့် ကဗျာ  ၆၂  ပုဒ်ပါဝင်သည်။  ယင်းစာအုပ်နှင့်     ပတ်သက်၍     စာမူဆုရွေးချယ်ရေးအဖွဲ့က “ရေးဖွဲ့ထားသည့်   အကြောင်းအရာစုံသည်။    ကဗျာအဖွဲ့    ပုံသဏ္ဌာန်စုံသည်။ အကြောင်းအရာနှင့် ကဗျာအဖွဲ့  ပုံသဏ္ဌာန်မှာ    လိုက်ဖက်သည်ချည်းဖြစ်သည်။ စကားလုံး၏အသံနှင့်  အနက် အလှကို  မျှတညီညွတ်စွာသုံးထားရာ ခံစားမှုပေါ်လွင်စေသည်။   ကဗျာသက်ဝင်မှုရှိစေသည်။      တည်ငြိမ်သောကာရန်စနစ်နှင့်   သွက်လက်သော   ကာရန်စနစ်ကို  အလျဉ်းသင့်သလို  ပေါင်းစပ် ဖွဲ့စည်းထားခြင်း၊   သံတူကပ်အလှကို   သုံးထားခြင်းတို့ကြောင့်  မငြီးငွေ့နိုင်သော   အသံစီးဆင်းမှုကိုဖြစ်စေသည်”   ဟု မှတ်ချက်ပြု ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို      ရောင်းဈေး     ၂၅၀၀    ကျပ်ဖြင့် အမှတ် ၅၂၉-  ၅၃၁၊   ကုန်သည်လမ်းရှိ   စာပေဗိမာန်စာအုပ်ဆိုင်    (ဖုန်း ၀၁-၈၂၄၉၀၃၁၊   ၀၁-၈၃၈၁၄၄၈)၊  အမှတ် (တ- ၅၅)၊   သပြေ ကုန်းဈေး၊  နေပြည်တော်ရှိ    စာပေဗိမာန်စာအုပ်ဆိုင်    (ဖုန်း  ၀၆၇-၃၄၁၄၆၈၁)၊  ၈၆ လမ်း၊  ၂၁  လမ်းနှင့်   ၂၂   လမ်းကြား   မန္တလေးမြို့ရှိ    စာပေဗိမာန်စာအုပ်ဆိုင်      (ဖုန်း     ၀၂-၄၀၃၀၁၈၆)  နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊  ကုန်သည်လမ်းရှိစာပေဗိမာန်၊ အရောင်းဌာန  (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်