
နေပြည်တော် ဇန်နဝါရီ ၃၁
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု လူငယ်စာပေ ပထမဆု ရရှိသည့် စာရေးဆရာ နွေကံ့ကော် (မြို့လှ) ၏ “လူ့ဘဝ ခဏတာ မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကျွန်တော်နှင့် ငယ်ဘဝ၊ ကျွန်တော်နှင့် တက္ကသိုလ်ကျောင်းသားဘဝများ၊ ကျွန်တော်နှင့် အိမ်ထောင် သည်ဘဝ၊ ပြောပြချင်သည့် အကြောင်းလေးများ စသည့် အခန်းလေးခန်းခွဲ၍ ရေးသားထားပြီး ဆရာကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ဘဝခရီးနှင့် အခက်အခဲအဟန့်အတား များကို ခိုင်မာ သောစိတ်ဓာတ်၊ မဆုတ်မနစ်သော ဇွဲလုံ့လ တို့ဖြင့် ဖြတ်ကျော်ခဲ့ပုံတို့ကို လူငယ်များ အတုယူအားကျဖွယ် ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ကျပ် ၂၅၀၀ ဖြင့် အမှတ် (၅၂၉ - ၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈၊ အမှတ် (တ- ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ်(၅၂၉- ၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်