စာပေဗိမာန်စာမူဆုရ စာအုပ်များဖြန့်ချိရောင်းချ

 

နေပြည်တော်  မေ   ၁၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ   တတိယဆုရရှိသည့်   စာရေးသူ ကိုရွှေရင်အေး၏  “ရွာကြီးတစ်ရွာသို့   အလည် တစ်ခေါက်” စာအုပ်ကို တန်ဖိုးငွေကျပ် ၂၀၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ပေးစာပုံစံ  ဆောင်းပါးအပုဒ် ၂၀ ပါဝင်သည်။ မြန်မာ့တိုင်းရင်းသားနှင့် ကျေးလက် ဒေသတို့၏ ပထဝီဝင်၊ ထုံးတမ်းဓလေ့၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင်စရိုက်လက္ခဏာ  စသည့်ကွဲပြားခြားနားမှု အမျိုးမျိုးအပေါ် အတွေးအမြင် ဆင်ခြင်နှိုင်းဆတင်ပြ ထားသော  စေတနာအရင်းခံ   ပြုပြင်ရေးပုံစံဖြင့် ရေးသားထားသည်။ လိုအပ်ရာနေရာများ၌ ကဗျာ၊ သီချင်း၊ နိုင်ငံရပ်ခြား  ဗဟုသုတဖြစ်ရပ်များနှင့် သိပ္ပမကျန်၊  နည်းနာအခြေခံများကိုပါ   ကိုးကား ရေးသားထား၍ လူငယ်များအတွက် သင့်လျော်ရုံမျှ မက   အကျိုးကျေးဇူးရရှိမည့်   စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
ထို့အတူ  ပြန်ကြားရေးဝန်ကြီးဌာန၊  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ပြဇာတ်စာပေ ဒုတိယဆုရရှိသည့် စာရေးသူ မောင်မြေနီ(တမာတော) ၏   “တစ်နေ့နေ့ထဲက တစ်နေ့”  စာအုပ်ကို  တန်ဖိုးငွေကျပ်  ၂၅၀၀  ဖြင့်   ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင်  မိုးခေါင်သော  ကျေးလက် ဒေသ ရွာတစ်ရွာတွင် လယ်ယာသီးနှံစိုက်ပျိုးရေး ကို  ခေတ်မီနည်းပညာများ   အသုံးပြုလျက်   သီးနှံ အထွက်တိုးစေရန် ဇာတ်အိမ်ပြု၍ ရေးသားထား သည်။ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူ လယ်သမားသင်တန်းကျောင်း၏  လမ်းညွှန်မှုဖြင့် ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းကို   ဦးဆောင်သည့် ဘွဲ့ရလူငယ်တစ်ဦးနှင့် ကျေးလက်ရှိ တောင်သူများ ၏ ရိုးသားမှုကို အခွင့်ကောင်းယူကာ ငွေကြေးဖြင့် ဖြားယောင်းအမြတ်ထုတ်သည့် မြို့ပေါ်မှ စီးပွားရေး သမားတစ်ဦး၏ စိတ်နေသဘာဝများ၊  မေတ္တာရေး ပဋိပက္ခများ၊ မိမိဇာတိရပ်ရွာ၏ ယာသီးနှံစိုက်ပျိုး ရေးသာမက  စာကြည့်တိုက်များ တည်ထောင်ကာ ရပ်ရွာလူ့စွမ်းအားဖွံ့ဖြိုးမှုကိုပါ  တိုးတက်အောင် ကြိုးစားကြသူများ၊ ခေတ်မီနည်းပညာ  အသုံးပြု ခြင်း၏ ကျေးဇူးများကို ရသတွင် သုတရောလျက် စိတ်ဝင်စားဖွယ်ရေးသားထားပါသည်။ ကျေးလက် အငွေ့အသက်နှင့်  ပြဇာတ်တွင်    ပါဝင်သူတို့၏ စရိုက်များကိုပေါ်လွင်သွက်လက်စွာ ရေးဖွဲ့ထားပြီး ဦးတည်ချက်ကောင်းမွန်သည့် ကျေးလက်သဘာဝ သရုပ်ဖော် ပြဇာတ်ရှည်ဖြစ်သည်။
အဆိုပါစာအုပ်များကို  အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ  စာပေဗိမာန်စာအုပ်ဆိုင်  (ဖုန်း ၀၁- ၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူ လိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိ သည်။                                           
သတင်းစဉ်