စာပေဗိမာန်စာမူဆုရ စာအုပ်များနှင့် “တာရာသိင်္ဂီ” စာအုပ်ဖြန့်ချိရောင်းချ

 

နေပြည်တော်  မတ်  ၅


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ သုတ ပဒေသာ(ဝိဇ္ဇာ)  ပထမဆုရရှိသည့်   စာရေးဆရာ ရဲမင်းထက် (မြန်မာစာ)၏ “ဇာတကနောက်ခံ ရခိုင် သာခြင်းများ၏ အပြောက်အမွမ်း” စာအုပ်၊  သုတ ပဒေသာ(ဝိဇ္ဇာ)   ဒုတိယဆုရရှိသည့်   စာရေးသူ လှိုင်းနန္ဒာ (တမာမြေ) ၏ “မိုင်းပွန်အာဇာနည်စစ်တမ်း ရှာပုံတော်” စာအုပ်နှင့် ၂၀၀၉ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေ  စာပေဆု၊    ဝတ္ထုရှည်ပထမဆုရရှိခဲ့သည့်  ကို    (တက္ကသိုလ်)  ရေးသားသော  “တာရာသိင်္ဂီ” စာအုပ်တို့ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

 


စာပေဗိမာန်စာမူဆု၊ သုတပဒေသာ(ဝိဇ္ဇာ) ပထမ ဆုရရှိသည့် စာရေးဆရာ ရဲမင်းထက် (မြန်မာစာ)၏ “ဇာတကနောက်ခံရခိုင်သာခြင်းများ၏ အပြောက် အမွမ်း” စာအုပ်၌      တိမ်မြုပ်ပျောက်ကွယ်လု ဖြစ်နေသော ဇာတကနောက်ခံ ရခိုင်သာခြင်းများကို သုတေသနပြု ဖော်ထုတ်လေ့လာတင်ပြထားသော စာအုပ်ဖြစ်သည်။ ထို့ပြင် သာခြင်းဟူသော ဝေါဟာရ၊ သာခြင်း၏သဘောသဘာဝ၊   သာခြင်းအမျိုးအစား များ၊ သာခြင်းစာဆိုတို့၏အကြောင်းနှင့်  ဇာတက နောက်ခံသာခြင်းများအကြောင်းကို စေ့စုံစွာ တင်ပြ ထားသည်။ တစ်ဖန် ကျေးလက်မှသည် နန်းတော်ထဲ ထိ ကျယ်ကျယ်ပြန့်ပြန့်ထင်ရှားခဲ့သည့် သာယာစွာ စပ်ဆိုထားသော အခြင်းအရာဖြစ်သည့် သာခြင်း ကဗျာများ၏ရခိုင်ပြည်နယ်အနှံ့အပြား၌ သြဇာကြီး မားခဲ့ပုံနှင့် ရခိုင်တိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှု ကဗျာအမွေအနှစ်တစ်ခုဖြစ်ပုံတို့ကို စိတ်ဝင်စားဖွယ် ဖြစ်အောင်  ရေးသားထားကာ   ဇာတကနောက်ခံ သာခြင်းနှစ်ပုဒ်ဖြစ်သော  စန္ဒကိန္နရာသာခြင်းနှင့် ပဒကုသလသာခြင်းတို့၏    ဇာတ်လမ်းအပြောက် အမွမ်း၊ နောက်ခံဝန်းကျင် အပြောက်အမွမ်းတို့ကို မူရင်း ဇာတ်တော်နှင့်တိုက်ဆိုင်၍  သုတေသနပြု စိစစ်တင်ပြထားသည့် စာပေလက်ရာကောင်းဖြစ်ပြီး ငွေကျပ် ၂၅၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

 


စာပေဗိမာန်စာမူဆု၊   သုတပဒေသာ(ဝိဇ္ဇာ) ဒုတိယဆုရရှိသည့် စာရေးသူ လှိုင်းနန္ဒာ (တမာမြေ) ၏ “မိုင်းပွန် အာဇာနည်စစ်တမ်းရှာပုံတော်” စာအုပ်၌ မိုင်းပွန်မြို့၌  တစ်ချိန်ကထင်ရှားခဲ့သော   မိုင်းပွန် စော်ဘွားများအကြောင်းကို     ဖော်ထုတ်ရေးသား ထားသော သမိုင်းဝင်အချက်အလက်များ ပါဝင်သည့် စာအုပ်ဖြစ်ပါသည်။ အာဇာနည်ခေါင်းဆောင်တစ်ဦး ဖြစ်သည့် မိုင်းပွန်စော်ဘွား စဝ်စံထွန်း  အပါအဝင် စော်ဘွားငါးဦးအကြောင်းကို        စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားသည်။ ဤသို့တင်ပြရာတွင် စော်ဘွားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် များသာမက မြန်မာရှင်ဘုရင်များနှင့် ဆက်ဆံရေး၊ အင်္ဂလိပ်အစိုးရနှင့်   ဆက်ဆံရေးတို့ကိုပါ  ရှာဖွေ ရေးသားထားသည်။ အထူးသဖြင့် မိုင်းပွန်စော်ဘွား စဝ်စံထွန်း၏ လူထုနှင့် သဟဇာတဖြစ်မှု၊ အမြော် အမြင်ကြီးမားမှု၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ပင်လုံ စာချုပ်တွင် ပါဝင်မှုတို့ကို  ခိုင်လုံသော  အထောက် အထားများနှင့်တကွ  ရေးသားထားသည်။ စာရေးသူ သည် စာပေအထောက်အထားများ၊ ရှမ်းပုရပိုက်စာ အထောက်အထားများကို   လေ့လာခဲ့သည့်အပြင် စော်ဘွားများ၏ ကျန်ရှိသောဆွေမျိုးသားချင်းများကိုပါ ကွင်းဆင်းမေးမြန်း၍ ရေးသားထားပါသည်။ ဤစာအုပ်တွင် အချီအချ ပြောစကားများ၊ အမေး အဖြေ စကားများကိုပါ ထည့်သွင်းထားခြင်းကြောင့် စာဖတ်သူများ စိတ်ဝင်စားမည့် စာအုပ်တစ်အုပ်ဖြစ်ပြီး ငွေကျပ် ၂၀၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

 


အလားတူ   ၂၀၀၉   ခုနှစ်အတွက်   ပခုက္ကူ ဦးအုံးဖေ စာပေဆု၊   ဝတ္ထုရှည်ပထမဆုရရှိခဲ့သည့် ကို(တက္ကသိုလ်) ရေးသားသော “တာရာသိင်္ဂီ” စာအုပ် ကို စာပေဗိမာန်က ဒုတိယအကြိမ်  ပြန်လည်ထုတ်ဝေ လိုက်သည်။ ယင်းစာအုပ်သည် ရှမ်းပြည်နယ်၊ နမ့်ပန် ချိုင့်ဝှမ်းဒေသကို   နောက်ခံထားပြီး  တပ်မတော် (လေ)မှ အရာရှိလေသူရဲတစ်ဦး၊ ရှမ်းပြည်နယ်အတွင်း ရှိ သောင်းကျန်းသူအဖွဲ့မှ ခေါင်းဆောင်တစ်ဦး၊ ရှမ်း တိုင်းရင်းသူ ကျောင်းဆရာမလေး၊ တက္ကသိုလ်မှ ကထိကဆရာမလေးတို့ကို  ဇာတ်ဆောင်ပြုလျက် စစ်ရေး၊ အချစ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကို ယှက်နွှယ်၍ ရေးဖွဲ့ထားသည်။  လူမျိုးရေး တိမ်သလ္လာဖုံးနေသည့် သောင်းကျန်းသူတို့၏ အဖျက် သဘော၊ တပ်မတော်သားတို့၏ စွန့်လွှတ် အနစ်နာခံ မှု၊ ရိုးသားသော တိုင်းရင်းသားတို့၏ ဖြူစင်သော စိတ်ထားစေတနာ၊  အနစ်နာခံစွန့်လွှတ်တတ်သည့် ချစ်ခြင်းမေတ္တာစစ်တို့၏     သရုပ်သကန်ကို   ရသ မြောက်စွာ ဇာတ်လမ်းဆင် ချိတ်ဆက် သရုပ်ဖော် ထားသည့်  သိမ်မွေ့လှပသော  မေတ္တာဖွဲ့ဝတ္ထုဖြစ် သည်။  ရသစာပေချစ်မြတ်နိုးသူများ  နှစ်ခြိုက်မည့် ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပြီး ငွေကျပ်  ၂၅၀၀  ဖြင့် ဝယ်ယူနိုင်ပါသည်။

 


အဆိုပါစာအုပ်များကို   အမှတ် ၅၂၉ -  ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း- ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈၊     အမှတ်(တ- ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ် ဆိုင် ဖုန်း- ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း- ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင်   ဆက်သွယ်ဝယ်ယူနိုင် ကြောင်းနှင့်   လက်ကားမှာယူလိုပါက    အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်း ဌာန ဖုန်း- ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။    


 ဇော်ဝင်းထွန်း