
နေပြည်တော် ဇွန် ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ ဒုတိယဆုရရှိသည့် စာရေးသူ တင်လင်းဇော်၏ ‘အညတရကျွန်တော်’ စာအုပ်နှင့် ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ မင်းလွင်ဦး(အောင်ပန်း) ၏ ‘တောင်ရိုး’ စာအုပ်များကို ဖြန့်ချိရောင်းချလျက်ရှိသည်။
အညတရကျွန်တော်
တင်လင်းဇော်၏ ‘အညတရ ကျွန်တော်’ စာအုပ်တွင် မဖွံ့ဖြိုး သေးသော ရွာသိမ်ရွာငယ်လေးမှ လူငယ်လေးတစ်ဦး၏ ပညာရေး အတွက် အပတ်တကုတ် ကြိုးစားရုန်းကန် အားထုတ်ခဲ့ ရသောဘဝကို စာဖတ်သူရင်ထဲ ကွင်းကွင်းကွက်ကွက် ပုံပေါ်အောင် ရေးသားထားသည်၊၊ အမြင် မကျယ်သော သမားရိုးကျ ရွာဘုန်းကြီးကျောင်း၌ စာသင် ကြားခဲ့ရသော ဘုန်းကြီး ကျောင်းသားဘဝ၊ အခက်အခဲ များနှင့် အတန်းကျောင်းသား ဘဝ၊ ရွာငယ်လေးမှတစ်ဆင့် သစ်ရာကောက် ရွာကြီးသို့ ပြောင်းရွှေ့ကာ ကိုယ့်ထမင်း ကိုယ်ချက်စားရင်း ဖြစ်သလို နေထိုင်ခဲ့ရသည့် အလယ်တန်း ကျောင်းသားဘဝ၊ တောင်တွင်း ကြီးကျောင်းတွင် အထက်တန်း ပညာသင်ကြားရန် ကပ်ရပ် နေထိုင်ခဲ့သော ဘဝတို့ကို ရသ မြောက်အောင် ရေးသားထား သည်။ ဤခေတ်လူငယ်များ အနေနှင့် ထိုခေတ်က ပညာ ဆည်းပူးလိုစိတ် အရင်းခံနှင့် စိတ်အားထက်သန်စွာ ကြိုးစား ခဲ့ပုံကို အသိပညာတိုးပွား ကိုယ်ချင်းစာတရား ထွန်းကား ကာ နားလည်စာနာစိတ် ပေါ် ထွန်း၍ လူငယ်များ အကျိုးထွန်း စေသော စာအုပ်ဖြစ်သည်။ စာအုပ်ရောင်းဈေးမှာ ကျပ် ၃၀၀၀ ဖြစ်သည်။
တောင်ရိုး
စာရေးဆရာ မင်းလွင်ဦး (အောင်ပန်း) ၏ ‘တောင်ရိုး’ စာအုပ်တွင် ရှမ်းပြည်နယ်၌ နေထိုင်လျက်ရှိသော တောင်ရိုး တိုင်းရင်းသားများ၏ ဇာစ်မြစ် သမိုင်း၊ ပျံ့နှံ့နေထိုင်ရာဒေသ၊ ဆင်ယင်ထုံးဖွဲ့မှု၊ စာပေနှင့် စကား၊ ရာသီပွဲများ၊ တေးဂီတ၊ အနုပညာ၊ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာအယူအဆ၊ ရှောင်ဓလေ့နှင့် ဆောင်ဓလေ့၊ စကားပုံ၊ စကား ထာ၊ ပုံပြင်၊ ရတု၊ အော် (ဧချင်း)၊ အနုရိုး (အနုကဗျာ၊ မေတ္တာဘွဲ့) နှင့် ကျေးလက်တေးသံသာများ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တောင်ရိုးအမျိုးသားနေ့ ဖြစ်ပေါ် လာပုံ၊ တောင်ရိုးတိုင်းရင်းသား သာသနာ့အာဇာနည်များ၊ ဒေသ အသီးသီးရှိ တောင်ရိုးလူဦးရေ စာရင်း၊ ထင်ပေါ်ကျော်ကြားသော တောင်ရိုးနယ်များနှင့် အခြား ကဏ္ဍများစုံလင်လှသည်။ မြေပြင် ကွင်းဆင်းပြီး တွေ့ဆုံမေးမြန်းချက် များ၊ မှီငြမ်းကိုးကားစာအုပ်များ၊ သက်ဆိုင်ရာများ၏ ထောက်ခံ ချက်များ ပြည့်စုံနိုင်သမျှ ပြည့်စုံ အောင် ရေးသားပြုစုထားသည်။ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးအတွက် အထောက်အကူ ပြုနိုင်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။ ရောင်းဈေးမှာ ကျပ် ၃၀၀၀ ဖြစ်သည်။
အဆိုပါစာအုပ်များကို အမှတ် ၅၂၉ - ၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး မြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်