
ရန်ကုန် ဇူလိုင် ၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် ဘာသာပြန် စာပေဖွံ့ဖြိုးရေးနှင့် ဘာသာပြန် ဝါသနာရှင်များ တိုးပွားရေး အတွက် စာပေဗိမာန်စာမူဆု၊ ဘာသာပြန်စာမူပြိုင်ပွဲကို နှစ်စဉ် ဖိတ်ခေါ်ကျင်းပလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန် စာမူဆု၊ ဘာသာပြန်စာမူပြိုင်ပွဲ အတွက် ပြဋ္ဌာန်းစာအုပ် များကို စတင်ရောင်းချလျက် ရှိသည်။
၂၀၂၀ ပြည့်နှစ်အတွက် ဘာသာပြန် ပြဋ္ဌာန်းစာအုပ်မှာ MARC E, AGRONIN, MD ရေးသားသည့် the END OF OLD AGE စာအုပ်ဖြစ်သည်။
ယင်းစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ရှိ စာပေဗိမာန် အရောင်းဆိုင်၊ ဖုန်း- ၀၁-၃၈၁၄၄၈၊ သပြေကုန်း၊ နေပြည်တော်ရှိ စာပေဗိမာန် အရောင်းဆိုင် ဖုန်း - ၀၆၇-၃၄၀၄၁၆၈၊ ၈၆ လမ်း ၂၁x၂၂ လမ်းကြား၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးမြို့ရှိ စာပေဗိမာန် အရောင်းဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့တွင် တန်ဖိုးငွေကျပ် ၇၀၀ တို့ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။
ပြိုင်ပွဲဝင် စာမူတင်သွင်း ရာတွင် သတ်မှတ်ထားသည့် ပြိုင်ပွဲဝင်ပုံစံဖြင့် တင်သွင်းခြင်း ကိုသာ လက်ခံမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်ပုံစံနှင့် စည်းကမ်းချက် များကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၏ Website www.moi.gov.mm/ppd တွင် အခမဲ့သော် လည်းကောင်း၊ စာပေဗိမာန်ရုံး တွင် ငွေကျပ် ၂၀၀ ဖြင့်သော်လည်း ကောင်း ဝယ်ယူနိုင်ပါသည်။ နယ်မှ ပြိုင်ပွဲဝင်လိုသူများသည် စာအုပ်တန်ဖိုးနှင့် စာအုပ်ပို့ခ အပါအဝင် စုစုပေါင်း ငွေကျပ် ၂၅၀၀ ကို ငွေပို့လွှာဖြင့် ဥက္ကဋ္ဌ၊ စာပေဆုများအုပ်ချုပ် ထောက်ပံ့မှုကော်မတီ၊ စာပေ ဗိမာန်ရုံး၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၃၈၁၄၄၉ သို့ လိပ်မူ၍ မှာယူနိုင် ပါသည်။
ပြိုင်ပွဲဝင်စာမူများကိုလည်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၀ ရက် နောက်ဆုံးထား၍ အထက်ဖော်ပြပါ လိပ်စာသို့ပင် လိပ်မူ၍ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်