စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ

 

နေပြည်တော်   နိုဝင်ဘာ   ၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်က ဆရာမကြီး စောမုံညင်း၏ “မြန်မာအမျိုးသမီးဆင်ယင်ထုံးဖွဲ့မှု”    စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
မြန်မာနိုင်ငံသည်     ရှေးဟောင်းယဉ်ကျေးမှု အခြေခိုင်ခံ့ခဲ့သော      တိုင်းပြည်တစ်ပြည်ပင်ဖြစ်သည်။   ထိုရှေးဟောင်းရိုးရာယဉ်ကျေးမှုများအနက် အမျိုးသမီး များ၏ ဆင်ယင်ထုံးဖွဲ့မှုသည်လည်း အရေးကြီးသော ကဏ္ဍမှ ပါဝင်လျက်ရှိခဲ့ပေသည်။  တိမ်မြုပ်လုနီးပါး ဖြစ်နေသော ယဉ်ကျေးမှုအထောက်အထားများနှင့် မြန်မာ့ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားခဲ့ပုံများကို ရှာဖွေဖော်ထုတ်ရုံသာမကဘဲ မြန်မာအမျိုးသမီးများ သည် စာတစ်စောင် ပေတစ်စောင်ဖွဲ့အပ်သောသူများ ဖြစ်ပုံ၊ အခြားနိုင်ငံသူ အမျိုးသမီးများထက် ထူးခြား သော   အခွင့်အရေးရရှိပုံ၊     မည်သည့်ကိစ္စ၌မဆို ရှေ့ဆောင်ရှေ့ရွက်ပြုလုပ်သူများဖြစ်ပုံကို နိုင်ငံခြား သားမှတ်တမ်းများက    ဖော်ပြထားသည်များပါမကျန် တကောင်းခေတ်မှစ၍ ပျူ၊ ပုဂံ၊ အင်းဝ၊  တောင်ငူ၊ ကုန်းဘောင်၊ အမရပူရ၊ ရတနာပုံခေတ်အသီးသီး၏ ဝတ်စားဆင်ယင်မှုများကို  ခေတ်လူငယ်အမျိုးသမီး များ စိတ်ပါဝင်စားစေရန်နှင့် ဂုဏ်ယူသဘောပေါက် လာစေရန်စသည့်   ရည်ရွယ်ချက်ကောင်းများဖြင့် ဆရာမကြီး စောမုံညင်းက ရေးသားပြုစုထားပါသည်။
နိုင်ငံတစ်နိုင်ငံ၏ နှလုံးသည်းပွတ်မှာ ယဉ်ကျေးမှု ပင်ဖြစ်သည်။ ထိုနှလုံးသည်းပွတ်နှင့်တူသော ယဉ်ကျေး မှုအမွေအနှစ်များကို ဆရာမကြီးက မှတ်တမ်းများ ကျန်ရစ်ရလေအောင် ပြည့်ပြည့်စုံစုံ ကြိုးပမ်းအားထုတ် ရေးသားထားသောကြောင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရမည့် နိုင်ငံသားတိုင်းအတွက်  “မြန်မာ အမျိုးသမီးဆင်ယင်ထုံးဖွဲ့မှု”စာအုပ်သည် လက်မလွတ် တမ်း ဖတ်ရှုသင့်သည့် အိမ်တွင်ဆောင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ကျပ်  ၄၅၀၀  ဖြင့် အမှတ်(၅၂၉ - ၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈၊ အမှတ် (တ- ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင်    ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူ လိုပါက အမှတ် (၅၂၉-၅၃၁)  ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန   ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း    သတင်း ရရှိသည်။                                                                                      
     

သတင်းစဉ်