စာပေဗိမာန် စိန်ရတုအထိမ်းအမှတ်  ရွှေသွေးဂျာနယ်အထူးထုတ် (၂၀၂၂) ထွက်ရှိ


 

 

နေပြည်တော်   မေ   ၂
၁၉၆၇ ခုနှစ် သြဂုတ် ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သော စာပေဗိမာန်သည် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် (၇၅) နှစ်ပြည့် မြောက်လျက် စိန်ရတုခရီးတိုင်ပြီ ဖြစ်ပါသည်။ သို့ဖြစ်ရာ ရွှေသွေး ဌာနအနေဖြင့် စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၂)ကို ထုတ်ဝေဖြန့်ချိလိုက်သည်။
စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် ရွှေသွေးဂျာနယ် အထူး ထုတ် (၂၀၂၂)တွင် ကဗျာ၊ မြန်မာစကားပုံ၊ ပုံပြင်၊ ဝတ္ထုတို၊ ဉာဏ်စမ်း၊ ရွှေသွေးတို့လက်ရာ စာစီစာကုံးနှင့် ပန်းချီကဏ္ဍ၊ သုတဆောင်းပါး ကဏ္ဍနှင့်    ကာတွန်းဇာတ်လမ်းတို့ပါဝင်ပြီး   သုတရသစုံလင်စွာ တင်ဆက်ထားသည်။ ကဗျာနှစ်သက်သော ကလေးများအတွက် အကြောင်းအရာမျိုးစုံကို သီကုံးဖွဲ့နွဲ့ထားသည့် ကဗျာ ၁၆ ပုဒ် ထည့်သွင်းဖော်ပြထားသည်။ ထို့ပြင် ကလေးများအတွက် သုတ၊ ရသများကို ဖော်ကျူးပေးထားသည့် ပုံပြင် ငါးပုဒ်၊ ကလေးဝတ္ထု ဇာတ်လမ်း ငါးပုဒ်၊ သုတဆောင်းပါး သုံးပုဒ်၊ ရွှေသွေးတို့လက်ရာ ပန်းချီ ငါးခု၊ စာစီစာကုံး သုံးပုဒ်တို့နှင့်အတူ ကလေးများ၏ စိတ်ကူး ဉာဏ်ကို ကွန့်မြူးစေမည့် ဉာဏ်စမ်းကဏ္ဍတို့လည်း ပါဝင်သည်။
ကာတွန်းကဏ္ဍတွင်   ကာတွန်းဆရာကြီးများဖြစ်ကြသော ကာတွန်းဦးဘကြည်၊ ကာတွန်း ရွှေမင်းသား၊ ကာတွန်း မောင်မောင် လေး၊ ကာတွန်းကျော်ထွဏ်း၊ ကာတွန်းသန်းကြွယ်၊ ကာတွန်း အောင်အောင်ထွေး၊  ကာတွန်းသူရ၊  ကာတွန်းသိက္ခာ၊  ကာတွန်း MGU မောင်ဦး၊ ကာတွန်းအောင်ရှိန်၊ ကာတွန်းရွှေရိုး၊ ကာတွန်း ဆူးထက်အောင်၊ ကာတွန်းရန်ကြီးအောင်၊   ကာတွန်းဦးစိန်၊ ကာတွန်းမြတ်နိုး၊ ကာတွန်းမောင်တင်ယု၊ ကာတွန်းဝင်းမြင့်အောင်၊ ကာတွန်းစိုးတင့် (ဟီးနိုး)၊ ကာတွန်းဒစ်ဂျစ်တယ်၊ ကာတွန်းကျောက်ပု၊ ကာတွန်းဝင်းဖေ (အဖျောက်)၊ ကာတွန်း မောင်ရွှေဝင်း၊ ကာတွန်း သက်စု၊ ကာတွန်းပြုံးချို၊ ကာတွန်းကျော်တင်မြင့်သစ်၊ ကာတွန်း ကိုကျော် (ကြံခင်း)၊ ကာတွန်း ထွန်းထွန်းဝင်း (ရန်ကုန်တက္ကသိုလ်) စသည့် ကာတွန်းဆရာများ၏ လက်ရာများကို စုံလင်စွာ ဖတ်ရှု ခံစားနိုင်မည် ဖြစ်ပါသည်။
ထိုကဲ့သို့  နာမည်ကျော်   ကာတွန်းလက်ရာကျော်ဆရာများ၏ လက်ရာကောင်းလက်ရာမွန်များကို တစ်စုတစ်စည်းတည်း ဖတ်ရှု နိုင်မည်ဖြစ်သည့်အပြင် အခြားစိတ်ဝင်စားဖွယ် ဝတ္ထု၊ ပုံပြင်၊ ကဗျာ များကိုလည်း ဖတ်ရှုနိုင်မည့် စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် ရွှေသွေးဂျာနယ်အထူးထုတ် (၂၀၂၂) စာအုပ်ကို တန်ဖိုးငွေကျပ် ၃၅ဝဝ ဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စာပေဗိမာန် အရောင်းဆိုင်များနှင့် ရန်ကုန်မြို့ရှိ စာပေဗိမာန် အရောင်းဌာန၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။             သတင်းစဉ်