စားနပ်ရိက္ခာဖူလုံရေးစီမံချက်များကို သဘောတူရေးရည်ရွယ်ချက်ဖြင့် ဂျီ - ၇ စိုက်ပျိုးမွေးမြူရေးဝန်ကြီးများ ဂျပန်၌ ဆွေးနွေးမှုစတင်

 

တိုကျို    ဧပြီ    ၂၂
ဂျီ - ၇ မှ စိုက်ပျိုးမွေးမြူရေးဝန်ကြီး များသည် စားနပ်ရိက္ခာဖူလုံရေး အတွက် အထူးပြုသည့် စီမံချက် များကို သဘောတူညီရေးဆိုသည့် ရည်ရွယ်ချက်ဖြင့်     ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဆွေးနွေး ပွဲများ      စတင်ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။ 
နှစ်ရက်ကြာ    ကျင်းပမည့် အဆိုပါ မျက်နှာစုံညီအစည်းအဝေး ကို မိယာဇာကီမြို့တွင် ဧပြီ ၂၂ရက် နံနက်ပိုင်းက   စတင်ခဲ့ခြင်းဖြစ် သည်။ ဂျပန်နိုင်ငံ စိုက်ပျိုးမွေးမြူ ရေး၊   သစ်တောနှင့်   ရေလုပ်ငန်း ဝန်ကြီး နိုမူရာ တီဆုရိုက သဘာ ပတိအဖြစ် ဆောင်ရွက်ကြောင်း သိရသည်။ 
ဂျီ - ၇  ဝန်ကြီးများအနေဖြင့် တူညီသည့်  သဘောထားအမြင် များအပေါ် အခြေခံပြီး ကမ္ဘာလုံး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက် ပြီး ဆွေးနွေးမှုများကို ဦးဆောင် သွားမည်ဖြစ်ကြောင်း     နိုမူရာ တီဆုရိုက   ပြောသည်။    စားနပ် ရိက္ခာဖူလုံရေး   စိန်ခေါ်မှုများကို ရင်ဆိုင်ရချိန်တွင် စိုက်ပျိုးမွေးမြူ ရေးနှင့်    စားနပ်ရိက္ခာစနစ်တွေ ကို     စဉ်ဆက်မပြတ်     ဖြစ်လာ အောင် မည်သို့ပြုလုပ်ဆောင်ရွက် ရမည်ဆိုသည်ကို   ဆွေးနွေးသင့် ကြောင်းလည်း     ၎င်းက    ပြော သည်။ 
ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စားနပ်ရိက္ခာ  ပြတ်တောက်မည့် အန္တရာယ်     မြင့်မားလာမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ အဆိုပါဝန်ကြီးများသည် စိုက်ပျိုး  မွေးမြူရေး      ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးနည်းလမ်းနှင့် ဖွံ့ဖြိုး ဆဲနိုင်ငံများကို ထောက်ပံ့ရာတွင် ဂျီ - ၇   ၏     ကျွမ်းကျင်မှုများကို အသုံးချရေး  ဆွေးနွေးသွားဖွယ် ရှိသည်။          
    အင်န်အိတ်ချ်ကေ