
ပရီမီယာလိဂ်ကလပ် မန်ယူအသင်းသည် စာချုပ် သစ်ချုပ်ဆိုရေးနှင့်ပတ်သက်ပြီး လူငယ်ကွင်းလယ် ကစားသမား မိုင်နူးနှင့် ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား မိုင်နူးသည် ယမန်နှစ် ဖေဖော်ဝါရီလတွင် ၎င်း၏ နောက်ဆုံးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း သဘောတူညီချက်အသစ်အတွက် ညှိနှိုင်းဆွေးနွေး မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိနေခြင်း ဖြစ်သည်။
မန်ယူအသင်းနှင့် ၎င်းနောက်ဆုံးချုပ်ဆိုထား သော စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ် ဇွန်လအထိ ဖြစ်ပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ပါဝင် ကြောင်း သိရသည်။ မန်ယူအသင်း အကြီးအကဲများ သည် မိုင်နူး၏ ခြေစွမ်းတိုးတက်မှုအပေါ် သဘောကျ လျက်ရှိပြီး ငွေကြေးအမြောက်အမြားဖြင့် ကမ်းလှမ်း မှုပြုလုပ်လိုနေသည်။
၎င်းသည် ယခုနှစ်ရာသီတွင် မန်ယူအသင်း အတွက် ပြိုင်ပွဲအရပ်ရပ် ပွဲ ၂၀ ပါဝင်ကစားထားကာ ဖေဖော်ဝါရီလတွင် ဝုဖ်အသင်းဘက်သို့ အနိုင်ဂိုး အပါအဝင် နှစ်ဂိုးသွင်းယူထားနိုင်သည်။ မိုင်နူး၏ အသင်းကြီးနှင့် ပွဲဦးထွက်ကို ၂၀၂၂-၂၀၂၃ ခုနှစ် တွင် စတင်ခဲ့သော်လည်း လက်ရှိတွင် နည်းပြ တန်ဟက် လက်အောက်၌ အဓိက ကစားသမား အဖြစ် ပါဝင်ကစားခွင့်ရနေသူဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့် ပရီမီယာလိဂ် ၁၂ ပွဲတွင် ပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိထားသူ ဖြစ်သည်။
မတ် ၁၇ ရက်တွင် မန်ယူအသင်းက လီဗာပူး အသင်းကို အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် မိုင်နူးသည် အထူးခြေစွမ်း ပြသနိုင်ခဲ့သည်။ အောင်ဇော်