စာချုပ်စာတမ်းများမှတ်ပုံတင်ခြင်းဆိုင်ရာ ပဉ္စမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ   ၇


စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ  မှတ်ပုံတင် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်     ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ရာ   ဒုတိယဝန်ကြီး     ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊    လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်   စာရင်းအင်းဦးစီး ဌာန   အရာထမ်း၊    အမှုထမ်းများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်      ဒုတိယ ဝန်ကြီးက  လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနအနေ ဖြင့် မြေယာစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ၊    လယ်ယာကဏ္ဍ ဆိုင်ရာ    စာရင်းအင်း    ပြုစုခြင်း လုပ်ငန်းများ၊ မြေခွန်စည်းကြပ် ခြင်း လုပ်ငန်းများ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း     လုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်တိကျ သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ် အနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊      လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များ     နှင့်အညီ ဝန်ဆောင်မှုပေးနိုင်ရေး၊ မှတ်တမ်း များ     စနစ်တကျ     ထိန်းသိမ်း ဆောင်ရွက်ရေးကို အလေးထား ဆောင်ရွက်ကြစေ   လိုကြောင်း၊ လက်ရှိ   မိမိတို့နိုင်ငံ၌  စာချုပ် စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်း ကို    လုပ်ငန်းဆောင်ရွက်သူက မှတ်ပုံတင်မှူး   ရှေ့မှောက်တွင် ကိုယ်တိုင်မြွက်ဟ     ကြေညာခြင်း (Declaration)      အဆင့်သာ ဆောင်ရွက်နိုင်ပြီး    IT   စနစ်ဖြင့် Online မှ စာချုပ်စာတမ်းမှတ်ပုံ တင်လုပ်ငန်း  ဆောင်ရွက်နိုင်ရေး နှင့်အတူ   မူပိုင်ခွင့်နှင့်    အရည် အသွေးဆိုင်ရာ        ပိုင်ဆိုင်ခွင့် ကို   ပြည်သူများ  တစ်ပါတည်း   ရယူခံစားနိုင်ကြစေရေးအတွက်  ဆက်လက်အားထုတ် ကြိုးပမ်း သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 


ထို့နောက် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်     ဦးသက် နိုင်ဦးက    အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စာချုပ်စာတမ်း များ     မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊      နိုင်ငံတော် အတွက် ထိုက်သင့်သည့် အခွန် အခများ ရရှိရေး ဆောင်ရွက်နေမှု၊ ယခင်က စာချုပ်စာတမ်းမှတ်ပုံတင် ခြင်းလုပ်ငန်းကို    ၁၉၀၈   ခုနှစ် အိန္ဒိယ စာချုပ်စာတမ်း ဥပဒေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်ရောက်မှသာ မိမိတို့နိုင်ငံသား များကိုယ်တိုင်     ရေးဆွဲပြဋ္ဌာန်း ထားရှိသော ၂၀၁၈ ခုနှစ် စာချုပ် စာတမ်း     မှတ်ပုံတင်ဥပဒေဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်း    ဖြစ်၍ လုပ်ငန်းများ ချွတ်ချော်တိမ်းစောင်း မှု မဖြစ်ပေါ်စေရေး စီမံဆောင်ရွက် နေမှုကို      ရှင်းလင်းတင်ပြပြီး အလုပ်ရုံဆွေးနွေးပွဲကို       အစီ အစဉ်များအတိုင်း      ဆက်လက် ကျင်းပသည်။

 


ဒေသအသီးသီးတွင် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်   စာရင်းအင်း ဦးစီးဌာန၏ လုပ်ငန်း တာဝန်များ ကို     ထမ်းဆောင်နေကြသူများ အနေဖြင့်   ကျင့်သုံးဆဲ   စာချုပ် စာတမ်း       မှတ်ပုံတင်ဥပဒေနှင့် (Digital   Deeds  Management System နှင့် Farm Land Digital Management System) လုပ်ငန်း ရပ်များကို   ပိုမိုသိရှိနားလည်ကြ ပြီး      ကျွမ်းကျင်မှု       မြင့်မားစွာ ဆောင်ရွက်နိုင်ကြစေရန် အလုပ်ရုံ ဆွေးနွေးပွဲများ ခေါ်ယူ၍ လုပ်ငန်း များ တင်ပြဆွေးနွေးခြင်း၊ ဒေသ  အလိုက် အတွေ့အကြုံများ အခက် အခဲများနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေး ဖော်ထုတ်ကာ ညှိနှိုင်းပေါင်းစပ် ဖြေရှင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုကျင်းပ သော အလုပ်ရုံဆွေးနွေးပွဲမှာ ပဉ္စမ အကြိမ်မြောက် ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။    


သတင်းစဉ်