
ရန်ကုန် ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံ စာရေးဆရာအသင်း က ကြီးမှူးကျင်းပသည့် စာဆို တော်နေ့အထိမ်းအမှတ် သက်ကြီး စာပေပညာရှင်များအား ကန်တော့ ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)နှင့် အဖွဲ့ဝင်များ၊ ကန်တော့ခံ သက်ကြီး စာပေ ပညာရှင်များနှင့် စာရေးဆရာ၊ ဆရာမကြီးများ၊ ဖိတ်ကြားထား သော ဧည့်သည်များ တက်ရောက် ကြသည်။
အခမ်းအနားတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က သက်ကြီးစာပေပညာ ရှင် ပူဇော်ကန်တော့ပွဲအတွက် လှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း က ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ်သိန်း ၁၅၀ ကိုလည်းကောင်း၊ ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေးက ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက လှူဒါန်းသည့် ငွေကျပ် ၂၄ သိန်း ၇ သောင်းကို လည်းကောင်း ပေးအပ်လှူဒါန်း ကြရာ မြန်မာနိုင်ငံ စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က လက်ခံ ရယူသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက သက်ကြီးစာပေပညာရှင်များအား ကန်တော့ပွဲ အခမ်းအနားကို ၁၉၈၀ ပြည့်နှစ်မှစတင်၍ မြန်မာ နိုင်ငံ စာရေးဆရာအသင်းက ကြီးမှူးပြီး ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၃၅)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ၁၉၈၀ ပြည့်နှစ် တွင် သက်ကြီးစာပေပညာရှင် ၁၀ ဦးခန့်ရှိခဲ့ရာမှ ၁၉၉၆ ခုနှစ်မှ ယနေ့အချိန်အထိ သက်ကြီးစာပေ ပညာရှင်၂၄၇ ဦးခန့် ရှိပြီဖြစ်ပါ ကြောင်း။
စာပေမြင့်မှ လူမျိုးတင့်မည် ဆိုစကားနှင့်အညီ စာပေပညာရှင် များသည် မိမိတို့၏ ကျေးဇူးရှင်များ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဇနီးကလည်း သက်ကြီး စာပေပညာရှင်များကို လေးစား တန်ဖိုးထားမှုဖြင့် တစ်ဦးချင်း အလိုက် လှူဒါန်းပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့သည်ကို ဖြည့်စွက်ပြောကြားလိုပါကြောင်း၊ စာပေဗိမာန် နှစ်ပတ်လည်နေ့ ကလည်း စာရေးဆရာကြီးများကို ထိုက်တန်စွာ ချီးမြှင့်ခဲ့သည့် နည်းတူ ၂၀၂၀ ပြည့်နှစ် အမျိုးသား စာပေဆုနှင့် ၂၀၂၁ ခုနှစ် အမျိုး သားစာပေဆု၊ အမျိုးသားစာပေ တစ်သက်တာ စာပေဆုများကို လည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ပါကြောင်း။
ယနေ့တွင် စာပေပညာရှင် များကို ဂုဏ်ပြုသောအားဖြင့် စာပေဗိမာန်ထက် ပိုမိုမြင့်မား သော စာဆိုဗိမာန်ကို တည်ဆောက် ရန် စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စာပေပညာရှင်များကို စိစစ်၍ ဘွဲ့ထူး၊ ဂုဏ်ထူးများကို ချီးမြှင့်လျက်ရှိပြီး (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် စာပေ ပညာရှင်ကြီးများကို အလေးထားသောအားဖြင့် ဘွဲ့ထူး၊ ဂုဏ်ထူးများကို ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း၊ ရိုသေလေးစားရ ပါသော ဆရာကြီး၊ ဆရာမကြီး များ အသက်ရာကျော်တိုင် ကလောင်ကိုင်စွဲ၍ တိုင်းပြည် အကျိုးကို သယ်ပိုးနိုင်ကြပါ စေကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က ၁၉၄၄ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းကို စတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယနေ့အထိ သက်ကြီး စာပေပညာရှင် ကန်တော့ခံ ၂၄၇ ဦးရှိပြီး နိုင်ငံ့ အကျိုး၊ ပြည့်အကျိုးကို သယ်ပိုး လျက် သက်ရှည်ကျန်းမာ၍ ကိုယ်စိတ်နှစ်ဖြာ လန်းဖြာကြပါ စေကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က သက်ကြီးစာပေပညာရှင်များ အား ယခင်နှစ်များနှင့်မတူ လှူဒါန်း ကန်တော့နိုင်မှုကြောင့် နိုင်ငံတော်အကြီးအကဲနှင့် တကွ အလှူရှင်များကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို စာပေခွန်အား၊ အနုပညာခွန်အားဖြင့် ဝိုင်းဝန်း ကူညီရမည့် အချိန်အခါလည်း ဖြစ်ပါကြောင်း၊ နိုင်ငံ့အရေးသည် နိုင်ငံသူနိုင်ငံသားအားလုံး ပါဝင် ဆောင်ရွက်ရမည့် အရေးဖြစ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေပညာ ရှင်များအနေဖြင့် ကလောင်သွား ဖြင့် စာပေတန်ဆောင်မီးရှူး တန်ဆောင်အဖြစ် လမ်းပြသွားရ မည်ဖြစ်ပါကြောင်း၊ လူငယ်များ၏ အတွေးအခေါ်များ မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက် လှမ်းနိုင်ရန် စာပေပညာရှင်များ ကလည်း တစ်ဖန်ပြန်လည် အကျိုးပြုစေလိုပါကြောင်း ပြော ကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီမှ ဦးမျိုးထွန်း (မောင်စိမ်းနောင် - လယ်ဝေး)က အလှူရှင်များစာရင်းကို ဖတ်ကြား သည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တက်ရောက်လာကြသူ များက ကန်တော့ခံ သက်ကြီး စာပေ ပညာရှင်ကြီးများအား ကန်တော့ချိုးဖြင့် လက်အုပ်ချီ ကန်တော့ကြပြီး(ဝဲပုံ) တက် ရောက်လာကြသော ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီး ၁၂၀ အား ကန်တော့ခံပစ္စည်းများ၊ ဂါရဝပြုဂုဏ်ပြုငွေများ ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများ ကိုယ်စား စာရေးဆရာကြီး တက္ကသိုလ်မြတ်သူက ဩဝါဒ စကား ပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ သိမ်ဖြူ လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ သဝဏ်လွှာများ ပုံနှိပ်နေမှုကို ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ အမျိုးသားစာပေဆု နှင့် စာပေဗိမာန်စာမူဆု ရွေးချယ် ရေးအဖွဲ့ဝင်များအား ဂုဏ်ပြုဆု များ ပေးအပ်ခဲ့ပြီး စာပေပညာရှင် ကြီးများအနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူငယ်များ ပါဝင်လာစေရန်အတွက် လူငယ် နှင့် ပြည်သူများ ကြိုက်နှစ်သက် သည့် စိတ်ဝင်စားဖွယ် ပြည်သူ့ အကျိုးပြုစာပေများ ယခုထက် ပိုမိုကောင်းမွန်စွာ ရေးသား ထုတ်ဝေနိုင်ရေး အလေးထား ဆောင်ရွက်ပေးရန် မှာကြား ကာ စာပေပညာရှင်ကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
သတင်းစဉ်